ကွင်းပြင်မှာ ၁၀မိနစ်အထိ ထွက်ထိုင်နေရမယ့် အပြာကတ်ကို စတင်အသုံးပြုတော့မယ်

ဖေဖော်ဝါရီ ၉

International Football Association Board ရဲ့ မကြာခင်ထုတ်ပြန်မယ့် Sin-Bin ရဲ့ စည်းမျဉ်းမှာ အပြာရောင်ကတ်ကို စတင်မိတ်ဆက်ဖို့ ပါဝင်ပါတယ်။

ဘောလုံးအားကစားမှာ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး အနီကတ် အဝါကတ်တို့ပဲ ရှိရာကနေ အခုတော့ အပြာကတ်ပါ ထပ်မံ တိုးလာပါတော့မယ်။

သတင်းများရဲ့ ဖော်ပြချက်အရ ကစားသမားတွေကို ကွင်းအတွင်းကနေ ယာယီထုတ်ပယ်မှုတွေ ပြုလုပ်နိုင်တဲ့ အပြာကတ်ပြားကို ပရော်ဖက်ရှင်နယ် ဘောလုံးနယ်ပယ်အတွင်းမှာ စတင် အသုံးပြုဖို့အတွက် မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အကယ်၍ ကစားသမားတစ်ဦးက ကြမ်းတမ်းတဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေ ဒါမှမဟုတ် စောဒကတက် ငြင်းခုံမှုတွေ လုပ်ဆောင်လာရင် အဲ့ဒီကစားသမားကို အပြာကတ်ပြား ပြသပြီး ကွင်းအတွင်း (၁၀)မိနစ်ခန့် ထုတ်ပယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ကစားသမားအနေနဲ့ (၂)ခါတိုင်တိုင် အပြာကတ် ပြသခံရမယ်ဆိုရင် ဒါမှမဟုတ် အပြာ (၁)ကြိမ် အဝါ (၁)ကြိမ် ပြခံရမယ်ဆိုရင် ဒီပမာဏက အနီကတ်ပြစ်ဒဏ်နဲ့ တူညီသွားမှာဖြစ်လို့ တစ်ခါတည်း ထုတ်ပယ်ခံရမှာပဲ ဖြစ်ပါတယ်။

ဒီစနစ်ကို လာမယ့် ဘောလုံးရာသီရဲ့ အက်ဖ်အေဖလားပြိုင်ပွဲ နဲ့ အမျိုးသမီး အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ စတင် အသုံးပြုသွားဖွယ်လည်း ရှိနေပါတယ်။