ယနေ့ ကုန်စျေးနှုန်းသတင်း


ဖေဖော်ဝါရီ ၅

ဖေဖော်ဝါရီလ ၅ ရက်နေ့အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေ အရ မတ်ပဲ၊ ပဲစဉ်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေသလို ငရုတ်နဲ့ ပုစွန်ခြောက် ဈေးတွေလည်း တက်လာပါတယ်။

ကြက်သွန်နီဈေး အနည်းငယ် တက်လာပြီး ကြက်သွန်ဖြူနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC)တစ်တင်းကို ၁၁၂,၅၀၀ ကျပ်၊ မတ်ပဲ (SQ/RC)တစ်တင်းကို ၁၂၁,၁၇၉ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၆၅၀ ကျပ်ကနေ ၆,၆၈၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၄,၉၀၄ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၄၀ ကျပ်ကနေ ၁,၁၆၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၆၁၅ ကျပ်ကနေ ၃,၉၇၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၄,၅၃၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၂၁၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ငရုတ် (ပန်းရဲ) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၁၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၉,၂၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၁၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၉၂၀ ကျပ်ကနေ ၃,၉၃၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ကြံသကာ တစ်ပိဿာကို ၂,၈၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၃၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၄၀ ကျပ် ဖြစ်ပါတယ်။
စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၆၅ ကျပ်၊ မန္တလေးမှာ ၂,၈၁၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၀၅ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၉၀ ကျပ်၊ မန္တလေးမှာ ၂,၉၄၀ ကျပ်၊ နေပြည်တော်မှာ၂,၉၃၅ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၅၅ ကျပ်၊ မန္တလေးမှာ ၂,၆၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၉၅ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၀၀ ကျပ်၊ မန္တလေးမှာ ၂,၆၄၅ ကျပ်၊ နေပြည်တော်မှာ၂,၆၄၅ ကျပ် ရှိနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၄၆,၀၀၀ိ/-) သုံးဆယ် ခြောက်သိန်း လေးသောင်း ခြောက်ထောင် ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ (၃,၈၇၂,၀၀၀ိ/-) သုံးဆယ် ရှစ်သိန်း ခုနစ်သောင်း နှစ်ထောင် ကျပ် ရှိနေတယ်လို သိရပါတယ်။

#PAN