ကန်ပက်လတ်မြို့နယ်၊ ကျင်ဒွေးမြို့အနီး သင်္ကာဖွယ်ရာ တောင်ယာတဲတစ်လုံးကို လုံးခြုံရေးအဖွဲ့မှ တွေ့ရှိ၍ ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၄

ဖေဖော်ဝါရီ ၄

ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ချင်းပြည်နယ်၊ ကန်ပက်လတ်မြို့နယ်၊ ကျင်ဒွေးမြို့အနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက မသင်္ကာဖွယ်ရာ တောင်ယာတဲတစ်လုံး တွေ့ရှိရသဖြင့် ရှာဖွေရှင်းလင်းခဲ့ရာ အကြမ်းဖက်လက်နက်ကိုင်များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရ
သည်။

အဆိုပါ မြို့နယ်အတွင်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက ဒေသတွင်းရှိ ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် နည်းမျိုးဆုံအသုံးပြု ဆက်ကြေးကောက်ခြင်း၊ ငွေကြေးချမ်းသာသူများကို ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်လျှက်ရှိရာ ဒေသတွင်းပြည်သူများ၏ လုံခြုံရေးအတွက် တပ်မတော်စစ်ကြောင်းအဖွဲ့များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ သင်္ကာဖွယ်ရာ တောင်ယာတဲတစ်လုံးအတွင်းမှ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ၇.၆၂ မမ ကျည် ၃၀၀ တောင့်၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ Lap Top ၁ လုံး၊ မှန်ပြောင်း ၁ လက် တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရပါသည်

PAN