မော်လမြိုင် ဂွေးကုန်းရပ်တွင် ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်တို့ ၃စီးဆင့်တိုက်ပြီး အမျိုးသမီး၁ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရရှိ
ဇန်နဝါရီ ၂၁
မော်လမြိုင်မြို့ ကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ်ကုန် စမရ ၇၅အနီး၌ ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ ည ည ၉ နာအချိန်ခန့်တွင် မော်လမြိုင်ဘက်မောင်းနှင်လာသော Proboxယာဉ်၁စီးမှ အလားတူမောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ်၁စီးနှင့်ဆိုင်ကယ်၁စီးတို့ ၃စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ကလေး(၆)ဦး၊လူကြီး၆ဦး၊ စုစုပေါင်း(၁၂)ဦး ထိခိုက်ဒဏ်ရာများရရှိသဖြင့် ဒဏ်ရာရရှိသူများအား ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နှင့် မော်လမြိုင်မြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များမှ လူနာတင်ယာဉ်၅စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
လူနာများအား မော်လမြိုင်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့သော်လည်း OPD အရောက်တွင် အမျိုးသမီး(၁)ဦးသေဆုံးသွားသဖြင့် ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲ့မှ ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။
PAN