ဇန်နဝါရီ ၁၉
ယီမင်ရှိ ဟူသီသူပုန်များအား အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် သံတမန်နည်းအရ ဖြေရှင်းရန် အမေရိကန်ပြည်ထောင်စုသည် ယီမင်ရှိ ဟူသီသူပုန်များကို တိုက်ခိုက်မှုများကို ရပ်တန့်သင့်သည်ဟု ရုရှားနိုင်ငံက ပြောကြားခဲ့သည်။
“အခု အရေးကြီးဆုံးအချက်က ယီမင်ကို ရန် စမှုတွေကို ရပ်တန့်ဖို့ပါပဲ၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်တွေနဲ့ ဗြိတိန်က ဗုံးကြဲလေလေ၊ ဟူသီတွေ စကား ပြောချင်စိတ် နည်းပါးလေလေ” ဟု Lavrov က မော်စကိုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
မကြာသေးမီက ပင်လယ်နီတွင် သင်္ဘောများ တိုက် ခိုက်ခံရမှု နောက်ကွယ်မှ ဟူသီများက ၎င်းတို့သည် ဂါဇာရှိ အစ္စရေး-ဟားမတ်စ်စစ်ပွဲတွင် ပါလက်စတိုင်းတို့အား ထောက်ပံ့ကူညီမှုများ လုပ် ဆောင်နေသည်ဟု ဆိုသည်။
ယီမင်ရှိ ဟူသီအုပ်စုမှလည်း ပင်လယ်နီတွင် ပိုမိုတိုက်ခိုက်မှု ပြုလာခဲ့ရာ ပင်လယ်ရေကြောင်းသွားလာမှုကို အခက်အခဲများစွာ ဖြစ်ပေါ်၍ ဥရောပဖက် ကုန် စည်သွားလာမှုများကိုပါ ထိခိုက်လာခဲ့ပြီး စစ်မီး တောက်လောင်မှုမှာ ဒေသတွင်းထိ ပျံ့နှံ့လာနိုင်သည်ကို နိုင်ငံတကာမှ စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။
ထိုသို့ ဒေသတွင်းစစ်ပွဲပျံနှံလာမှုကို တားဆီးနိုင်ရန် ကြိုးပမ်းမှုအနေဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ၎င်းအနေဖြင့် ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီသို့ လာမည့် သီတင်းပတ်၌ အရှေ့အလယ်ပိုင်း အကျပ်အတည်းအား စုပေါင်းဝိုင်းဝန်း ကြိုးပမ်းမှုများ” collective efforts” ဖြင့် ဖြေရှင်းရန် အဆိုပြုမည်ဖြစ်ပြီး အဖြေရှာမှုတွင် အစ္စရေးနှင့် ပါလက်စတိုင်းခေါင်း ဆောင်များအကြား တိုက်ရိုက်ဆွေးနွေးမှုများလိုအပ်ကာ ယင်းသို့ ပြောကြားမှုသည် ပါလက်စတိုင်းနိုင်ငံတစ်ခု ထူထောင်ရန် ဦးတည်နိုင်ချေ ရှိလာမည် ဖြစ်ပြီး ရုရှားနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံစွာ နေထိုင်ရေး အပေါ် စိတ်ဝင်စားမှုရှိကြောင်း ပြောကြားခဲ့သည်ဟု The Times of Israel သတင်းတွင် ဖော်ပြထားသည်။
#PAN