လာလီဂါအမှတ်ပေးဇယားကို ရီးရဲလ် ဦးဆောင်

ဇန်နဝါရီ ၅

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ မာယော့ကာအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ရီးရဲလ် မက်ဒရစ်အသင်းအတွက် တစ်လုံးတည်းသော ဦးဆောင်ဂိုးကို ပွဲချိန်(၇၈)မိနစ်မှာ မိုဒရစ်ရဲ့ထောင့်ကန်ဘော ပေးပို့မှုကတဆင့် နောက်ခံလူ ရူဒီဂါက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုပွဲစဉ်မှာအနိုင်ရခဲ့တာကြောင့် လာလီဂါ(၃)ပွဲဆက်တိုက်အနိုင်ရရှိခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ (၁၃)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး လာလီဂါပွဲစဉ်(၁၉)ပွဲ ကစားပြီးချိန်မှာ ရမှတ်(၄၈)မှတ်နဲ့အတူ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင် နိုင်ခဲ့ပါတယ်။