ယူကရိန်းနိုင်ငံကို ပေးအပ်မည့် ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ အကူအညီအား အမေရိကန် အထက် လွှတ်တော် တားမြစ်

ဒီဇင်ဘာ ၂၁

      အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံသို့ ပေး အပ်မည့် ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ အကူအညီ အပါအဝင် အခြားအကူအညီပေးမှုများအား တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ အမေရိကန်လွှတ်တော်ရှိ ရီပက်ဘလီကန် လွှတ်တော်အမတ်များကြား နယ် စပ်လုံခြုံရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက်တစ်ရပ်ချမှတ်ရန် သဘောထားကွဲလွဲခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသို့ ပေးအပ်မည့် ပြည်ပအကူအညီပေးရေးအစီအစဉ်ကို တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း လွှတ် တော်အမတ် တစ်ဦးဖြစ်သူ မစ်ချ်မက္ကော်နယ် က ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောသည်။

      အမေရိကန်အစိုးရဖြင့် ပြည်တွင်းရှိ တရားမဝင်လူဝင်ရောက်မှုကို ထိန်းချုပ်ရန်အတွက် ထိရောက်သည့် ပြုပြုင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းမရှိသရွေ့ ယူကရိန်းသို့ ပေးအပ်မည့် ပြည်ပအကူအညီပေးရေး သဘောတူ ခွင့်ပြုမည် မဟုတ်ကြောင်း ရီပက်ဘလီကန် လွှတ်တော်အမတ်များက ပြောကြားထားသည်။ အမေရိကန်အစိုးရက ယူကရိန်းသို့ ထပ်မံပေးအပ်မည့် အကူအညီများသည် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၆၀ ဘီလီယံခန့်ရှိကြောင်း သိရသည်။

       ရီဘက်ပလီကန် လွှတ်တော်အမတ်များ၏ လုပ် ဆောင်ချက်သည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အဟန့်အတားပြုခြင်းဖြစ်သည်ဟု သမ္မတ ဂျိုးဘိုင်ဒင် က စွပ်စွဲထားသည်။သို့သော် အမေရိကန်အစိုးရသည် ငွေကို ရေကဲ့သို့ အသုံးပြုနိုင်ခြင်းမရှိကြောင်း၊ လက်ရှိယူကရိန်းသို့ ပေးအပ်နေသည့် အကူ အညီများမှာလည်း မကြာမီ ကုန်ခမ်းတော့မည်ဖြစ် ကြောင်း ရီပက်ဘလီကန် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဂျွန်ကာဘီ က ပြောကြားသည်။

       အမေရိကန်ပြည်ထောင်စုသည် ယူကရိန်း ပဋိပက္ခစတင်ချိန်မှ စ၍ ယူကရိန်းအစိုးရထံသို့ ဒေါ်လာ ဘီလီယံပေါင်း များစွာ တန်ဖိုးရှိ လက် နက်ခဲယမ်းများနှင့် အခြားအကူအညီများကို ပေးအပ်ခဲ့တယ်လို့ RT သတင်းဌာန ဖော်ပြချက် အရ သိရသည်။

#PAN