ပြည်ပသို့ သကြားတင်ပို့မှု လာမည့် ဇန်နဝါရီလမှာ စတင်မည်

ဒီဇင်ဘာ ၂၁

      မြန်မာ့သကြား ပြည်ပတင်ပို့မှုကို လာမည့် ဇန်နဝါ ရီလမှာ စတင်မည်ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရပါသည်။ သကြားတင်ပို့မှုကို ပင်လယ်ရေကြောင်းကနေ အများဆုံးတင်ပို့ပြီး ၂၀၂၂ – ၂၀၂၃ ကြံရာသီက သကြားတန်ချိန် ကိုးသောင်းကျော်တင်ပို့ခဲ့နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ကြံရာသီတွင် သကြားတန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားသည်ဟု သိရပါသည်။

      မြန်မာနိုင်ငံတွင် တစ်နှစ်ကို သကြားတန်ချိန် လေးသိန်းခွဲမှ ငါးသိန်းကြား ထုတ်လုပ်ပြီး ပြည် တွင်းစားသုံးမှု တန်ချိန် လေးသိန်းဝန်းကျင်ရှိကာ ပိုလျှံသည့်သကြားများကို ပြည်ပတင်ပို့သည်ဟု သိရပါသည်။

ယခုနှစ် ကမ္ဘာ့သကြားစျေးနှုန်းသာမပြည်တွင်းသကြားဈေးပါ မြင့်တက်နေပြီး ယမန် နှစ်က ယခုလိုအချိန်တွင် သကြား တစ်ပိဿာ ၂,၇၀၀ ကျပ် ရှိသော် လည်း ယခု ၃,၆၀၀ ကျပ်အထိ ဈေးမြင့်တက်လာသကဲ့သို့ ကြံဈေးကလည်း ယမန်နှစ်က တစ်တန် ကျပ် ၁၀၀,၀၀၀ မှ ယခုနှစ်တွင် ၁၃၀,၀၀၀ ကျပ်အထိ ဈေးပိုရခဲ့ပါသည်။

#PAN