ပုသိမ်ကြီးမြို့နယ် ဧရာဝတီမြစ်ကမ်းနဖူး၊ သဲ သောင်ပြင်ခုံပေါ်သို့ ရှော့တိုက်ဒုံး ၁ လုံး ကျရောက်ပေါက်ကွဲ

ဒီဇင်ဘာ ၂၁

       မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု၊ စက်ရိပ်(တောင်) ကျေး ရွာအနောက်ဘက်၊ ဧရာဝတီမြစ်ကမ်းနဖူး၊သဲသောင်ပြင်ခုံပေါ်သို့ ယနေ့ မွန်းလွဲပိုင်းက ရှော့တိုက်ဒုံး ၁လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

       အဆိုပါ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာသို့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့ရာ သဲသောင်ခုံပေါ်တွင် အကျယ် ၅ ပေ၊ အနက် ၁ ပေခွဲခန့် တွင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဘေးပတ်ဝန်းကျင်နေရာတွင် ၁၀၇ ရှော့တိုက်ဒုံးဟုယူဆရသည့် အပိုင်းအစများတွေ့ရှိသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

     ထိုသို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ပစ်ခတ်မှု လမ်းကြောင်းကို စစ်ဆေးရာ စက်ရိပ်(တောင်) ကျေးရွာအနောက်ဘက် စစ်ကိုင်းတောင်ရိုးမှ တဆင့် မန္တလေးမြို့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်နိူင်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရှိရပါသည်။

#PAN