ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာ(အရှေ့ပိုင်း)အတွင်သို့ KNU/PDF အကြမ်း ဖက်အဖွဲ့မှ Drop Bomb ဖြင့်လာရောက်ပစ်ချခဲ့ရာ ၂ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ဒါဏ်ရာရရှိ


ဒီဇင်ဘာ ၁၉

ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်းအင်းကုန်းအုပ်စု၊ သူဌေးကုန်းကျေးရွာ(အရှေ့ပိုင်း)တွင် နေထိုင်သော ဒေါ်ညို ၏ အိမ်ပေါ်သို့ KNU/PDF အကြမ်းဖက်အဖွဲ့မှ Drop Bomb ဖြင့်လာရောက်ပစ်ချခဲ့ရာ ၂ ဦး သေဆုံး၍ ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။


ဖြစ်စဉ်တွင် ဒေါ်ညို (ဘ)ဦးကျင်သိန်း၊ အသက် ၆၅ နှစ် နှင့် မအိအိမော် အသက် ၂၅၊ မောင်ဟိန်းသူအောင်၊ အသက် ၃ နှစ်တို့ ၃ ဦးသည် နေအိမ်အတွင်းရှိနေစဥ်  Drop Bombဖြင့်လာရောက်ပစ်ချခဲ့ရာ ဒေါ်ညို နှင့် မအိအိမော် တို့ ၂ ဦးမှာသေဆုံးခဲ့ရပြီး မောင်ဟိန်းသူအောင်အား ထိခိုက်ဒဏ်ရာများဖြင့် ကျောက်တံခါးမြို့၊ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူရန်အတွက် ပို့ဆောင်ထားကြောင်း သတင်းရရှိပါသည်။

#PAN