စားအုန်းဆီ ရည်ညွှန်းဈေးကျဆင်း

ဒီဇင်ဘာ ၁၉

      ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ် လုပ်တင်ပို့သည့် နိုင်ငံများမှာ ဈေးကွက်နှင့်ဈေး နှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာလ ၂၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ၄,၈၁၀ ကျပ် ထုတ်ပြန်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာခြင်း ဖြစ်ပါသည်။

       ပြီးခဲ့သည့် တစ်ပတ်က စားအုန်းဆီရည်ညွှန်းဈေးတစ်ပိဿာ ကျပ် ၄,၈၁၅ သတ်မှတ်ထားပြီး ရှေ့တစ်ပတ်က တစ်ပိဿာ ၄,၉၂၀ ကျပ်ဖြစ်ကာ ပြင်ပဈေး ကွက်တွင် တစ်ပိဿာ ၇,၅၀၀ ကျပ်သာရှိသည်ဟု သိရပါသည်။ စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံ၌ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန် ကျစရိတ် များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့် သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်တွင် ရောင်း ဝယ်ဖောက် ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးနေခြင်း ဖြစ်ပါ သည်။

#PAN