မော်လမြိုင်တွင် တပ်ဖွဲ့ဝင်များက မှတ်ပုံတင်မပြနိုင်သူများကို ဒဏ်ရိုက်သည်ဟုဆိုပြီး ငွေကျပ် တစ်သောင်းတောင်းဟု မဟုတ်မမှန် ဝါဒဖြန့်ထုတ်လွှင့်လျက်ရှိ

ဒီဇင်ဘာ ၁၉

      မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် လမ်းသွား လမ်းလာပြည်သူများကို တပ်ဖွဲ့ဝင်များက စစ်ဆေးမှု ပြုလုပ်ပြီး မှတ်ပုံတင်မပြနိုင်ပါက ငွေကျပ်တစ်သောင်း ပေးဆောင်ရန် ဒဏ်ငွေရိုက်နေသည်ဟု တရား မဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Delta News Agency က မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

        အဆိုပါသတင်းနှင့်ပတ်သက်၍ မော်လမြိုင်မြို့ရှိ ဒေသခံပြည်သူများ၏ ပြောပြချက်အရ မော်လမြိုင်မြို့ထဲတွင် တပ်ဖွဲ့ဝင်များအနေဖြင့် သီးခြားစစ်ဆေးခြင်း မရှိကြောင်း၊ မှတ်ပုံတင်မပြနိုင်ပါက ဒဏ်ရိုက်သည်ဟုဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ရုံးပိတ် ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့တို့တွင် ဌာနဆိုင်ရာအဖွဲ့စုံဖြင့် လမ်းဆုံလမ်းခွများတွင် ရှောင်တခင်စစ် ဆေးခြင်းများသာ တွေ့ရှိရကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ တောင်းခံမှုမရှိကြောင်း သိရှိရသည်။

      သို့ဖြစ်ပါ၍ အဆိုပါသတင်းသည် ပြည်ဖျက် မီဒီ ယာများအနေဖြင့် ပြည်သူများ နေ့စဉ်ပုံမှန် လှုပ်ရှား သွားလာနေမှုများတွင် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လာစေရန်အတွက် မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရပါသည်။