ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကညင်မြောင်ကျေးရွာအုပ်စုတွင် တပ်မတော် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် တပ်မတော်သား ၁ ဦး ကျဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန် သတင်းမှားများရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၈

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကညင်မြောင်ကျေးရွာအုပ်စုသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်လျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက် မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ကညင်မြောင်ကျေးရွာရှိ ဘုန်းကြီးကျောင်း အတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ပြည်ဖျက်မီဒီယာ Khit Thit က သတင်းတု၊ သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံများနှင့် တပ်တွင်းသတင်းအရင်းအမြစ်များ ၏ ပြောကြားချက်အရ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် သမား များကလာရောက် နှောင့်ယှက်ပစ်ခတ်ပြီး ထွက် ပြေးသွားခဲ့ကြောင်းသိရှိရသည်။

       တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံ ရေးနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး အကြမ်းဖက် သမားများ အနေဖြင့် ဘာသာရေးအဆောက်အဦများ၊ ဆေးရုံ၊ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အများပြည်သူပိုင်အဆောက်အဦများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးလျက်ရှိရာ ပြည်ဖျက်မီဒီယာများမှ တပ်မ တော်အား မဟုတ်မမှန်သတင်းများဖြင့် ဂုဏ်သိက္ခာ ကျဆင်းလာစေရန်၊ တပ်မတော် နှင့် ဒေသခံပြည်သူ များအကြားအထင်အမြင်လွှဲမှားစေ ရန် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံ၍ ၎င်းတို့စိတ်ကူးများဖြင့် လုပ်ကြံရေးသားနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN