ဒီဇင်ဘာ ၁၅
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှတစ်ဆင့် ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့် အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးသက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံသား အမျိုးသား ၇၅ ဦး၊ အမျိုး သမီး ၃၆ ဦး၊ စုစုပေါင်း ၁၁၁ ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံသို့ ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ရာတွင် မြန်မာ နိုင်ငံဖက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူး တို့အပါ အဝင် တာဝန်ရှိသူများတက်ရောက်ကြသည်။
ထိုင်းနိုင်ငံဖက်မှ ချင်းရိုင်းခရိုင်လဝကမှ ဒုတိ ယခရိုင်မှူး Polt.Col Taratip Jamras.(Deputy Superintendent Of Chiangri Immiration) ဦးစီးအဖွဲ့က လက်ခံခဲ့ပြီး ထိုင်းမော်တော်ယာဉ် ၅ စီးဖြင့် မယ်ဆိုင်မြို့သို့ ခေါ်ဆောင်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
#PAN