တာချီလိတ်မြို့တွင်  PDF အင်အားစုဆောင်းသူ NLD ပါတီဝင်တစ်ဦးကို သက်ဆိုင်ရာကဖမ်း ဆီးစစ်ဆေး

ဒီဇင်ဘာ ၁၅

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမာခံပါတီဝင် တစ်ဦးဖြစ်သူ ဦးသက်မိုးထွေး (ခ)မောင်ထွေး ဆိုသူကို  ကို PDF အင်အားစု ဆောင်းသည်ဟု သတင်းအရ ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းတွင် ၎င်း၏ နေအိမ် ၌ရှိနေစဉ် သက် ဆိုင်ရာ တာဝန်ရှိလုံခြုံရေးအဖွဲ့များက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

      အဆိုပါ NLD အမာခံပါတီဝင် ဦးသက်မိုးထွေး (ခ) မောင်ထွေး သည် ပြည်ခိုင်ဖြိုးရုံး၏ အနောက်လမ်း ကြားတွင် ကာရာအိုကေဆိုင်ဖွင့်ထားပြီး ပတ်၀န်းကျင်ရှိဆိုင်များ နေအိမ်များနှင့် ဆက် ဆံရေးသင့်မြတ်မှုမရှိဘဲ လူစိမ်းများ တရုန်းရုန်းအချိန်ပြည့်၀င်ထွက်လျက်ရှိနေကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကာလတွင် NLD ပါတီအတွက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ယခုကာလတွင် အကြမ်းဖက် PDF အင်အားစု ဆောင်းသည်ဟု ခိုင်လုံသည့် နယ်မြေသတင်းများကြောင့် ယခုလို ဖမ်းဆီးစစ်ဆေးခြင်း ဖြစ် ကြောင်း သိရပါသည်။

     အလားတူ ဒီဇင်ဘာ ၁၃ ရက်နေ့ ညပိုင်း၌ လည်း  တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ အသက် ၂၀ နှစ်အရွယ်ရှိ ကိုထွန်းပြည့်အောင်  ဆိုသူလူငယ်တစ်ဦးနှင့်  တာချီလိတ်မြို့၊မိုးကုတ် ဝိပဿနာတရားရိပ်သာအနီးရှိ  ဘုန်းကြီးကျောင်းတစ်ကျောင်းမှ လူငယ် ၄ ဦး(အမည်စုံစမ်းဆဲ) ကိုလည်း ယခုကိစ္စနှင့်ပါ၀င်ပတ်သက်နေသည့်အတွက် သက်ဆိုင်ရာက ဖမ်းဆီးကာလိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရပါသည်။

      နိုဝင်ဘာလအတွင်းမှ စပြီး မြန်မာ – ထိုင်းနယ် စပ်  တာချီလိတ်မြို့တွင် သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် ညစဉ်ဧည့်စာရင်းစစ်ဆေးခြင်းများ မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#PAN