တရုတ်နှင့် ဗီယက်နမ်ခေါင်းဆောင်များ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူ

ဒီဇင်ဘာ ၁၄

      တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် နှစ်နိုင်ငံဆက် ဆံရေး ခိုင်မာအားကောင်းစေရန်အတွက် သဘော တူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တရုတ် သမ္မတ ရှီကျင့်ဖျင် သည် ခြောက်နှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ကာ ဗီယက်နမ်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒါဇင်နှင့်ချီသော သဘောတူညီချက်များစွာကို ရယူနိုင်ခဲ့သည်။

      ရှီကျင့်ဖျင်သည် ၎င်း၏ ဗီယက်နမ်နိုင်ငံခရီး စဉ် ဒုတိယမြောက်နေ့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်းချင်း၊ သမ္မတ ဗိုဗန်သောင်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

      တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် သဘော တူညီချက် ၃၆ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဗီယက်နမ်နိုင်ငံပိုင် မီဒီယာက ပြော သည်။ အဆိုပါသဘောတူညီချက်များထဲတွင် ပူးတွဲစစ်ဆင်ရေး ကင်းလှည့်ဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေးနှင့် နယ်စပ်ဖြတ်ကျော်ရထားလမ်းများ တိုးတက် ဖြစ်ထွန်းရေးအစီအမံများ ပါဝင်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဗီယက်နမ်ခရီးစဉ်သည် စက်တင်ဘာလ အတွင်းက ဗီယက်နမ်နိုင်ငံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သွားရောက်လည် ပတ်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

     ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့သည် ပြီးပြည်စုံသော မဟာဗျူဟာမြောက်မိတ်ဖက်ဆက် ဆံရေးသို့ နှစ်နိုင်ငံဆက်ဆံရေးများ မြှင့်တင်ရန် သဘောတူခဲ့ကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN