ဝိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီ၀င်(ဟောင်း) ဦးချန်ဒေါင်လွမ်း အား လူသတ်အကြမ်းဖက် KIA / PDF အဖွဲ့မှ သေနတ်ဖြစ် ပစ်သတ်


ဒီဇင်ဘာ ၁၀
ယနေ့နေ့လည် (၁၂ နာရီ ၄၅ မိနစ်အချိန်ခန့် တွင်ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မဒမ်အုပ်စု၊ လဘန်ရွာနေ ၀ိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီ၀င်(ဟောင်း) ဦးချန်ဒေါင်လွမ်း အား လူသတ်အကြမ်းဖက် KIA / PDF အဖွဲ့မှ သေနတ်ဖြစ် ပစ်သတ်သွားကြောင်း သိရှိရပါသည်။
ဖြစ်စဥ်တွင် သေဆုံးသူသည် ၎င်း၏
နေအိမ်တွင်ထမင်းစားနေစဉ် နေအိမ်အတွင်းသို့ မျက်နှာဖုံးအမည်းစွပ်ထားသည့် လူသတ်အကြမ်းဖက် KIA / PDF အဖွဲ့ က၀င်ရောက်လာကာ နေအိမ်ခြံ၀န်းအပြင်သို့ခေါ်ဆောင်သွား​ခဲ့ပြီး ၎င်း၏နေအိမ်နှင့် မနီးမဝေးတွင် ဦးချန်ဒေါင်လွမ်းအား သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရပါသည်။
၎င်းဦးချန်ဒေါင်လွမ်းမှာ နားထင်တွင်ကျည်ဖောက်ဒဏ်ရာ ၂ ချက်၊ နောက်စေ့တွင်ကျည်ဖောက်ဒဏ်ရာ ၁ ချက် တို့ရရှိခဲ့ပြီး
နေရာ၌ ပင်ပွဲခြင်းပြီးသေဆုံးသွားခဲ့ကြောင်း၊၎င်းအား လာရောက်ခေါ်ဆောင်သွားပြီးသေနတ်ဖြင့်ပစ်သတ်ခဲ့သည့် အဖွဲ့သည် UG ဒလန်ရှင်းလင်းရေး (မိုးကောင်း) အဖွဲ့ မှခွဲထွက်အဖွဲ့ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews