ပရိတ်သတ်တစ်ဦး Heart Attack ဖြင့် သေဆုံးမှုကြောင့် ပွဲစဉ် ရွှေ့ဆိုင်း

ဒီဇင်ဘာ ၁၁

ဂရန်နာဒါနှင့် ဘီလ်ဘာအိုတို့၏ လာလီဂါပွဲစဉ်ကို ပရိသတ်တစ်ဦး Heart Attack ဖြင့် သေဆုံးမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ပွဲချိန်(၁၇)မိနစ်တွင် ဘီလ်ဘာအိုအသင်းက (၁-ဝ)ဂိုးဖြင့် ဦးဆောင်နေစဉ် ယင်းဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး အရေးပေါ်ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သေဆုံးခဲ့ပြီးနောက် ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါပွဲကို ယနေ့(မြန်မာစံတော်ချိန် ဒီဇင်ဘာလ 12 ရက် နံနက် 2:30 နာရီ)တွင် ပြန်လည်ကစားမည်ဖြစ်ပြီး ပွဲချိန်(17)မိနစ်မှ ပြန်လည်စတင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။