ငါန်းဇွန်မြို့နယ်တွင် နေအိမ်စျေးဖွင့် စျေးရောင်းသူ သာမန်ပြည်သူတစ်ဦးကို ဒလန်ဟု စွပ်စွဲချက်ဖြင့် PDF အကြမ်းဖက်များက သတ်ဖြတ်

ဒီဇင်ဘာ ၇

      မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊မြို့သာကျေးရွာအုပ်စု၊မြို့သာ(အရှေ့)ရွာတွင် ယနေ့ မွန်းလွဲပိုင်းက သာမန်ပြည်သူတစ်ဦးကို PDF အကြမ်းဖက် သမားများက ဒလန်ဟုသော စွပ် စွဲချက်ဖြင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

      ငါန်းဇွန်မြို့နယ်၊မြို့သာကျေးရွာအုပ်စု၊မြို့သာ (အရှေ့)ရွာ၊အမှတ်(၄)ရပ်ကွက်နေ ဦးစိန်မြင့်အောင်၊၆၃နှစ်၊(ဘ)ဦးလောစံ၊စျေးရောင်း သည် ၎င်း၏နေအိမ်တွင် ဖွင့်လှစ်ထားသည်ဈေးဆိုင်၌ ဈေးရောင်းနေစဉ် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က အမည်မသိ အကြမ်းဖက် သမား PDF များ(အင် အားစိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ် ခတ်ခဲ့ရာ ဦးစိန်မြင့်အောင်တွင် ဦးခေါင်းနောက် စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

    သေဆုံးသူ ဦးစိန်မြင့်အောင်သည် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး နေအိမ်စျေးဆိုင်ဖွင်၍ စျေးရောင်းသူဖြစ် သည်။ ၎င်း အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ် ဖွဲ့ဝင်များမှ စျေးဝယ်ရင်း ပြောဆိုဆက်ဆံမှုရှိသည့်အပေါ်အကြမ်းဖက်သမား PDF များက ၎င်းတို့၏ ထုံးစံအတိုင်း ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

#PAN