ဆူးအင်းကျေးရွာအနီးရှိ အမြောက်တပ် ၄၀၂ ဂိတ်ကို အကြမ်းဖက် KNU/PDF အဖွဲ့မှ အီနာဂါဗုံးများဖြင့် ပစ်ခတ်


ဒီဇင်ဘာ ၆

ယနေ့ နံနက် ၃ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆူးအင်းကျေးရွာအနီးရှိ အမြောက်တပ် ၄၀၂  ဂိတ်ကို အကြမ်းဖက် KNU/PDF အဖွဲ့မှ အီနာဂါဗုံးများဖြင့် တပ်ဂိတ်ကို လာရောက်ပစ်ခတ်ခဲ့‌ကြကြောင်း သိရှိရပါသည်။

ဆိုပါ ဗုံးသည် ဂိတ်ပေါက်ဝအနီး ကျရောက်ပေါက်ကွဲခဲ့‌ကြောင်း၊ ၎င်းနောက် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက် KNU/PDF များဆုတ်ခွာထွက်ပြေးသွားရကြောင်း၊ ၎င်းတို့ဆုတ်ခွာရာလမ်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ လာရောက်တိုက်ခိုက်မှုကြောင့် လူအဆောက်အဦး ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

#PAN

Telegram link
https://t.me/positiveanglenews