မော်လမြိုင်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်ထားရှိသည့် နေရာအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ရဟတ်ယာဉ်များ ထိခိုက်ပျက်စီးသွားကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၆

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်ထားရှိရာ နေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟတ် ယာဉ်များ ထိခိုက်ပျက်စီးမှုရှိသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများတွင် လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် မဟုတ်မမှန် ရေး သားဖြန့်ဝေနေ‌ကြောင်း တွေ့ရှိရသည်။

      အဆိုပါ သတင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက်သမားများက ဒရုန်းဖြင့် ရမ်းသမ်းတိုက်ခိုက်ထွက်ပြေးသွား ကြောင်း၊ လူ၊ အဆောက်အဦနှင့် ဝေးကွာသော နေရာတွင် ကျရောက်ခဲ့ပြီး လူ၊ အဆောက်အဦနှင့် ယာဉ်များ ထိခိုက်မှုမရှိကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

      အကြမ်းဖက်သများက မြို့၊ ရွာများကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်လာပြီး အကြမ်းဖက်လုပ် ရပ်များ လုပ်ဆောင်နေချိန်၌ မြို့ပြများတွင် အေးချမ်းတည်ငြိမ်နေသည် ကိုမလိုလားသည့် တရားမဝင်ပြည်ဖျက်မီဒီယာ အချို့မှ မီဒီယာကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းမှုမရှိဘဲ မှန် ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN