ကောလင်းမြို့နှင့် အင်းတော်မြို့တို့၌ Non-CDM ဝန်ထမ်းများ အလင်းဝင်ဟု ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၆

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် အင်းတော်မြို့နယ်မှ Non CDM ဝန်ထမ်းများအား အလင်းဝင်ရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် ပိုင်း ပညာရေး ဝန်ထမ်းများ အပါအဝင် Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ခဲ့သည်ဟု   ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု သတင်းမှားများ  ဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊  ကောလင်းမြို့နယ်နှင့် အင်းတော်မြို့နယ်တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူများ၏ ဖြေကြား ချက်အရ မဟုတ်မှန်ကြောင်း၊  မိမိတို့အနေဖြင့် တာဝန်ကျရာဌာနများမှာ  ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ သတင်းအမှားသာ ဖြစ်ကြောင်းနှင့် တရားမဝင် အဖွဲ့အစည်းဖြစ်သည့် NUG မှ  Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ကြရန်ဟု ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း နိုင်ငံ့ဝန် ထမ်းများအား CDM ပြုလုပ်ရန် လက်နက်အား ကိုးဖြင့် အဓမ္မခြိမ်းခြောက်ခြင်း၊ အတင်းအကြပ်ဖိအားပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

    နိုင်ငံ့တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်း ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်း များနှင့် အေးချမ်းစွာလုပ်ကိုင်၊ နေထိုင်လိုကြသည့် ဒေသ ခံတိုင်းရင်းသား ပြည်သူများ အား အကြမ်းဖက်မှုလုပ်ရပ်များကို အားပေးလှုံ့ဆော်နေသည့် တရားမဝင် ပြည်ဖျက် မီဒီယာများမှ ထိုသို့ စိုးရိမ်ထိတ် လန့်ဖွယ်ရာ ကောလာ ဟလ သတင်းများ ရေးသားဖြန့်ဝေ ခြင်းသာဖြစ်ပြီး နိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN