ငါန်းဇွန်မြို့နယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး လက်ဖက်ရည်ဆိုင်တွင် အကြမ်းဖက်သအားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

နိုဝင်ဘာ ၃၀

    မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊မိုး​တောင်ကျေးရွာ၌ မိုး​တောင်ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးဖြစ်သူ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တစ်ဦးကို အကြမ်း ဖက် PDF များက ယနေ့ နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ မိုး​တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်ခိုင်၊ ၄၃နှစ်၊(ဘ)ဦးဝင်းနိုင်၊တောင်သူလုပ်ကိုင်သူ သည် မိုးတောင်ကျေးရွာ မြောက်ဘက်ထိပ်ရှိ “နဒီဧရာ”လက်ဘက်ရည်ဆိုင်သို့ နံနက် ၇ နာရီခန့်တွင် တစ်ဦးတည်းသွား ရောက်၍ လက်ဖက်ရည်သောက်နေစဉ် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အမည်မသိ အကြမ်း ဖက်သမား PDF ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်ဘက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဦးသက်ခိုင်အား လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ သေနတ်ဖြင့် ပစ်ခန်မှုကြောင့် ဦးသက်ခိုင် တွင် ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-ရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အခင်း ဖြစ်နေရာအနီးမှ M-22 ကျည်ခွံ ၃ ခုအား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမား PDF များသည် မိုးတောင်ကျေးရွာအရှေ့ဘက်နှင့် သရက်ချိုပင်ကျေးရွာဘက်သို့ ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

#PAN