မြိတ်မြို့နှင့်ထားဝယ်မြို့တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးနေဟု  သတင်းမှားဖြန့်ဝေ

နိုဝင်ဘာ ၂၉

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ထား ဝယ်မြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများအား အစစ်အဆေးမရှိ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း၊ ထားဝယ်မြို့၊ ကြက်စာပြင်ရပ် ကွက်၊ စောမိညိုလမ်းနှင့် ကာစတန်ဆိပ်ကမ်း၌ နိုဝင် ဘာလ ၂၆ ရက် ညပိုင်းတွင်  ဒေသခံ အမျိုးသား ၃၀ ဦး နီးပါးကို လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးသွားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

        အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင် ရာ နယ်မြေတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုပ်ကြံသတင်း အတုသာ ဖြစ်ကြောင်းနှင့် နိုဝင် ဘာလ ၂၆ ရက်နေ့တွင် လုံခြုံရေးအဖွဲ့များ ၎င်းနေရာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့မှုမရှိကြောင်း သိရှိရသည်။

      သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုပျက် ပြားစေရန်နှင့် လုံခြုံရေးအဖွဲ့များမှ ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာ နေထိုင်နိုင်ရန်အတွက် တာဝန်ထမ်းဆောင်နေမှုများအပေါ် အထင်အမြင် လွဲမှားစေရန် ဦးတည်ရည်ရွယ်၍ ကောလာဟလ သတင်းတု၊ သတင်းမှားများကို ဖန်တီးရေးသား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN