အကြမ်းဖက်သမားများက စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအား မိုင်း ထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပြည်သူများ အသုံးပြု လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများအား လျှော့နည်း၍ ဖြန့်ဖြူးပေးခဲ့ရ

နိုဝင်ဘာ – ၂၅

အကြမ်းဖက်သမားများအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများက ရန်ကုန်မြို့မှ သဘာဝဓာတ် ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပို့လွှတ်ရန် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာ အနီး အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပိုက်လိုင်း ပေါက်ကွဲပျက်စီးခဲ့သည်။

အဆိုပါ ပိုက်လိုင်းပေါက်ကွဲပျက်စီးမှုကြောင့် ရန်ကုန်မြို့ရှိ လှော်ကားဓာတ်အား ပေးစက်ရုံသည် ရပ်တန့်ခဲ့ရသဖြင့် ၅၅ မဂ္ဂါဝပ် ဆုံးရှုံးခဲ့ရပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကျဆင်းခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ် များရှိ ပြည်သူများ အသုံးပြုရန်အတွက် လျှပ်စစ်ဓာတ်အားကို လျှော့နည်း၍ ဖြန့်ဖြူးခဲ့ရသည်။ ပိုက်လိုင်းပျက်စီးခဲ့ သည့်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးဆောင် ရွက်လျက်ရှိသည်။

အလားတူ မြိုင်ကလေးဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့် Gas Turbine(သထုံ) သို့ ဓာတ်ငွေ့ပို့လွတ်လျက်ရှိသော ပိုက်လိုင်း အား နိုဝင်ဘာ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်အုပ်စု၊ ဆယ်မိုင်ကုန်း ကျေးရွာ အနီးတွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖောက်ခွဲခဲ့သဖြင့် ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ် ပွားခဲ့သည်။

အဆိုပါ ပိုက်လိုင်းပေါက်ကွဲမှုကြောင့် Gas Turbine(သထုံ) သည် ရပ်ဆိုင်း ခဲ့ရသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကျ ဆင်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မော်လမြိုင်မြို့နယ်နှင့် သထုံမြို့နယ်တို့ရှိ ဒေသများရှိ ပြည်သူများထံသို့ လျှပ်စစ်ဓာတ် အားကို လျော့နည်း၍ ဖြန့်ဖြူးခဲ့ရသည်။ ပိုက်လိုင်းပျက်စီးခဲ့သည့်နေရာသို့ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝန်ထမ်းများက ကွဲအပ်သည့်ပိုက်လိုင်းများအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြန်လည် ဆောင်ရွက် ပြီးစီးခဲ့သဖြင့် Gas Turbine(သထုံ) သို့ ဓာတ်ငွေ့များ ပုံမှန်အတိုင်း ပြန်လည်ပို့လွှတ် ဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်သမားများ၏ စစ်ရေးနှင့်မသက်ဆိုင်သည့် အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ များစွာထိခိုက်နစ်နာမှု ဖြစ်ပေါ် ခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေး ချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။