ပဲခူးတိုင်းတိုင်းဒေသကြီး အရှေ့ခြမ်းရွာအချို့တွင် ပြည်သူ့စစ်အတွက် တအိမ်ထောင် ၂၀၀၀ ကျပ် ကောက်နေကြောင်း  မဟုတ်မမှန် သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၂၅

      ပဲခူးတိုင်းဒေသကြီး၊ အရှေ့ခြမ်းရှိ ကျေးရွာတချို့မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက ပြည်သူ့စစ်ထာက်ပံ့ကြေးအတွက်ဆိုပြီး တစ်အိမ်ထောင်လျှင် ၂၀၀၀ ကျပ်ထည့်ရန် အုပ်ချုပ်ရေး အဖွဲ့များမှ အသံချဲ့စက်နဲ့အသိပေးခဲ့ပြီး မဖြစ်မနေထည့်ဝင်ရမယ်ဆိုပြီး ခြိမ်း ခြောက်သွားကြောင်း၊ ဒေသခံများကို နည်းလမ်းမျိုးစုံဖြင့် ငွေကြေးရယူမှုတွေမကြာ ခဏလုပ်နေကြောင်း၊ ကဝမြို့ဒေသခံများမှ ပြောကြားချက်အရ သိရှိရတယ်လို့ မဟုတ်မမှန် သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ ရှိရသည်။

    အဆိုပါ သတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးမှ “ လုပ် ကြံသတင်းသာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ ရိုးသားသည့် စိတ်ဓာတ်ကိုအခြေခံအသုံးချပြီး အထင် အမြင်လွှဲမှားမှုဖြစ်စေရန် ရည် ရွယ်၍ သတင်းတု ထုတ်လွှင့်ခြင်းသာ ဖြစ်ကြောင်း”  ၎င်း၏ ပြောကြားချက်အရ သိရှိရပါ သည်။

      သို့ဖြစ်ပါ၍ အကြမ်းဖက်မှုအားပေးပြည်ဖျက်မီဒီယာအချို့သည့် လူမှုကွန်ရက်စာမျက်နှာ များတွင် သတင်းတု၊ သတင်းအမှားများအား နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြန့်ဝေရေးသား လျက်ရှိပြီး အများပြည်သူများ စိုးရွံထိတ်လန့် ပူပန်မှုများဖြစ်ပေါ်စေရန်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေသူများအပေါ် ကြောက်ရွံ့မုန်းတီးပြီး အထင်အမြင်လွဲမှား မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လျက်  သတင်းတု၊ သတင်း အမှားများ ဖန်တီးရေးသား လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN