နိုဝင်ဘာ ၂၅
ဂျပန်နိုင်ငံအလယ်ပိုင်း ကန်တိုဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ က ဒင်္ဂါးပြားများအပါ အဝင် ရှေးဟောင်း ဒင်္ဂါးပြား ၁ သိန်းကျော်ကို စက်ရုံဆောက်မည့် မြေနေရာကို တူးဖော်ရာမှ ထင်းပုံကြီးတစ်ပုံကဲ့သို့ ညီညီညာညာ စုဝေးနေသည့် ဒင်္ဂါးပြားများကို တူးဖော်တွေ့ရှိခဲ့သည်။
ဒင်္ဂါးပြား အများအပြားကို တရုတ်နိုင်ငံတွင် သွန်း လောင်းခဲ့တာဖြစ်ပြီး တချို့ဒင်္ဂါးပြားများမှာ အနောက်ပိုင်း ဟန်မင်းဆက် (ဘီစီ ၂၂၀ – အေဒီ ၉ ရာစု) လက် ထက်ကတည်းက ဖြစ်သည်။
လက်ရှိအချိန်အထိ ဒင်္ဂါးပြား ၃၃၄ ပြား ကိုသာ ခွဲခြမ်းစစ်ဆေးမှု လုပ်ရသေးပြီး ဒင်္ဂါး ၄၄ ပြားကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ပြီဟု အဆာဟိရှင်ဘန်း ဂျပန်သတင်းစာက ဖော်ပြသည်။
ဒင်္ဂါးပြားများကို ဘာနှင့်သွန်းလောင်းထား သည်ဆိုတာကို ဖော်ပြထားခြင်းမရှိပေမဲ့ ၎င်းကာလက ဒင်္ဂါးသွန်းလောင်းမှုနှင့် မြေမြှုပ်ခြင်းပုံစံအရ ကြေးဝါနှင့် ကြေးနီဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ တရုတ်လူမျိုးများ၏ တီထွင် ဖန်တီးမှုအရ ကြေးဝါနှင့် ကြေးနီဒင်္ဂါးများကို အလယ်တွင် အပေါက်ဖောက်ပြီး သွန်း လောင်းလေ့ရှိပါသည်။ သယ်ယူ ပို့ဆောင်ရန်၊ သိမ်း ဆည်းရန်၊ ရေတွက်ရန် လွယ်ကူအောင် ယင်းကဲ့သို့ သွန်းလောင်းခဲ့ကြခြင်း ဖြစ်သည်။
ဂျပန်သမိုင်းအလယ်ခေတ် လူချမ်းသာများ နေ ထိုင်ခဲ့သည့် ပရိဝုဏ်အတွင်းမှ ဒင်္ဂါးပြားများ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဒင်္ဂါးပြား ၁၀၀ စီ စည်းထားသော အစည်းပေါင်း ၁၀၆၀ ကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အနီးနားမှ တွေ့ရသည့် ကောက်ရိုးဖျာ အစအနများအရ ဖျာနှင့်ပတ်ပြီး မြှုပ်ခဲ့သည်ဟု ယူဆစရာရှိသည်။
၎င်းနေရာက တွေ့ရှိခဲ့သော အသုံးအဆောင်ပစ္စည်းများအရ ၎င်းနေရာသည် ကိုဖန်းခေတ်၏ ကာလရှည် ပျောက်ကွယ်နေသည့် ကိုဇုကီပြည် နယ် ဗဟိုချက်ဖြစ်ဖွယ်ရှိသည်ဆိုသော ယူဆမှုများ ရှိနေပါသည်။
#PAN