အိန္ဒိယက ဥရောပသမဂ္ဂသို့ ရေနံထွက်ကုန်တင်ပို့သည့် အဓိကနိုင်ငံတစ်နိုင်ငံဖြစ်လာ

နိုဝင်ဘာ ၂၄

     အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် ဥရောပသမဂ္ဂသို့ ရေနံထွက်ကုန်တင်ပို့သည့် အဓိကနိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း RIA Novosti သတင်းဌာနက နိုဝင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ ဥရောပသမဂ္ဂ စာရင်းအင်း ရုံး၏ ပို့ကုန်၊ သွင်းကုန်အချက်အလက်များအရ ထိုအဖွဲ့သည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အိန္ဒိယနိုင်ငံမှ ရေနံထွက်ကုန် တန်ချိန် ၇ ဒသမ ၉ သန်းအထိ ဝယ်ယူခဲ့ကြောင်းတွေ့ရသည်။

     အဆိုပါ ပမာဏသည် ၂၀၂၂ ခုနှစ်အလားတူ ကာလထက် ၂ ဆခွဲ ပိုမိုများပြားလာခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်း ယှဉ်ပါက ၃ ဆ ကျော်အထိ ပိုမိုများပြားလာခြင်းဖြစ်သည်ဟု သတင်းဌာနက ဖော်ပြထားသည်။

       ထိုကဲ့သို့ ဥရောပသမဂ္ဂက အိန္ဒိယနိုင်ငံမှ ရေနံထွက်ကုန်များ တိုးမြှင့်ဝယ်ယူခြင်းကြောင့် ဆော်ဒီအာရေဗျ ပြီးလျှင် ဥရောပသမဂ္ဂသို့ ရေနံထွက်ကုန် ဒုတိယမြောက်အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်လာခြင်း ဖြစ် သည်။

     ဥရောပသမဂ္ဂအတွင်းတွင် ပြင်သစ်၊ နယ်သာလန်နှင့် အီတလီတို့က အိန္ဒိယနိုင်ငံမှ ရေနံထွက် ကုန်များကို အဓိက ဝယ် ယူသည့်နိုင်ငံဖြစ်သည်။ ခရိုအေးရှား၊ လတ်ဗီးယား၊ ရိုမေးနီးယားနှင့် ဂျာမနီနိုင်ငံတို့မှာ ယခုမှ အိန္ဒိယနိုင်ငံ ထုတ် ရေနံထွက်ကုန်များကို ပိုမိုတင် သွင်းသည်ကို တွေ့ရသည်။

      အာရှဒေသအတွင်း အိန္ဒိယနိုင်ငံသည် ရေနံထွက် ကုန် တင်ပို့ထုတ်လုပ်သည့် ဒုတိယမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီး လိုအပ်သော ရေနံစိမ်းများကို နိုင်ငံ ပေါင်းစုံမှ လိုက်လံ ဝယ်ယူခြင်းဖြစ်ကာ ၄၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ ဝယ်ယူခြင်းဖြစ် ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN