အစ္စရေးနှင့်ဟားမတ်အကြား ရေရှည်တည်မြဲသည့် အပစ်အခတ်ရပ်စဲရေးရရှိရန် အီရန် နိုင်ငံ ခြားရေးဝန်ကြီး တိုက်တွန်း

နိုဝင်ဘာ ၂၄

     ဟားမတ်စ်နှင့် အစ္စရေးတို့အကြား ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး မအောင်မြင်ပါက ဒေသတွင်းအခြေအနေ ပိုမိုဆိုးရွားလာမည်ဟု အီရန်နိုင်ငံ ခြားရေးဝန်ကြီး ဟူစိမ်အမ်မာအဒိုလာဟင်က နိုဝင်ဘာ ၂၂ ရက်တွင် သတိပေးခဲ့ကြောင်း လက်ဘနွန်အစိုးရ အဖွဲ့က ပြောကြား သည်။

      ဘေရွတ်တွင် လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီနှင့် တွေ့ဆုံစဉ်၎င်းက ဟားမတ်စ်နှင့်အစ္စရေးတို့ကြား ရရှိခဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချီးကျူးပြောကြားခဲ့ပြီး အမြဲတမ်း အပစ်အခတ်ရပ်စဲရေးရရှိရန်လိုအပ် ကြောင်း ပြောကြားခဲ့သည်။

       ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးကိုအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ဂါဇာကမ်းမြောင်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို အဆုံး သတ်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းသော ဖြေရှင်းမှုဆီသို့ဦးတည်သွားရန် လိုအပ်ကြောင်း မီကာတီက မှတ်ချက်ပြုပြောကြားခဲ့သည်။

      လက်ဘနွန်တောင်ပိုင်းကို ရန်စမှုများ ရပ်တန့်ရန်နှင့် အထူးသဖြင့် အရပ်သားများနှင့် သတင်း ထောက်များကို ပစ်မှတ်ထားနေခြင်းမှ ရပ်တန့် ရန် အစ္စရေးကို နိုင်ငံတကာက သတိပေးရမည်ဟု ၎င်းက ပြောကြားသည်။

      အဒိုလာဟင်က နိုဝင်ဘာ ၂၂ ရက်တွင် ဘေရွတ်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှုနှင့် ပါလက်စတိုင်းနိုင်ငံသားများ၏ အခွင့်အရေးများကို မြှင့်တင်ရန် လက်ဘနွန် တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

      ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်တို့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှုရရှိခဲ့သည်။

      ယင်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရအစ္စရေးအကျဉ်းထောင်များမှ အမျိုး သမီးနှင့် ဆယ် ကျော်သက် ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ခန့်ကို အစ္စရေးက လွှတ်ပေးရမည်ဖြစ်ပြီး အပြန်အလှန်အား ဖြင့် ဟားမတ်စ်အဖွဲ့က ၎င်းတို့ ထိန်းသိမ်းထားသည့် ကလေးများနှင့် အမျိုးသမီးများကို လွှတ်ပေးမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ၏ရုံးမှ ပြောကြားခဲ့သည်။

      ဂါဇာကမ်းမြောင်တွင် အမြဲတမ်း အပစ်အခတ်ရပ် စဲရေးရရှိရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ခြွင်းချက်မရှိ ချက်ချင်းဝင်ရောက်လာမှုကို လွယ်ကူချောမွေ့စေမည့် တံခါးပေါက်တစ်ခုအဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုခဲ့သည်။

#PAN