နိုဝင်ဘာ ၂၃
NATO တပ်ဖွဲ့အပေါ်နှင့် ဘော်ကန်ဒေသအပေါ် ရုရှား၏ စစ်ရေးခြိမ်းခြောက်မှု ဖြစ်ပေါ်လာနိုင်ခြင်း မရှိကြောင်း NATO တပ်ဖွဲ့အတွင်းရေး မှူးချုပ် ယန်းစတိုတန်ဘာ့ ကပြောသည်။ ယန်းစတိုတန်ဘာ့ သည် ယခင်က ယူဂိုစလပ်သမ္မတနိုင်ငံဖြစ်သည့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံသို့ ရောက်ရှိစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
ရုရှားနိုင်ငံသည် ဘော်လကန်ဒေသရှိ နိုင်ငံများ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ရန် အစီအစဉ်များရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီး၏ ပြော ဆိုချက်နှင့် ပတ်သက်၍ သတင်း ထောက်များက ယန်းစတိုတန်ဘာ့ ကိုမေးမြန်းခဲ့ခြင်း ဖြစ်သည်။
ယန်းစတိုတန်ဘာ့ က ၎င်းတို့အနေဖြင့် NATO တပ် ဖွဲ့ဝင်နိုင်ငံများ၊ ဘော်လကန်ဒေသရှိ နိုင်ငံများအပေါ် ရုရှား၏ စစ်ရေးခြိမ်းခြောက်မှုများကို မတွေ့ရှိပေမယ့် မိမိတို့အနေဖြင့် သတိကြီးကြီးထားကာ စောင့်ကြည့်နေရ မည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇလန်းစကီး က ရုရှားနိုင်ငံသည် လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းအရေးအခင်းတွင် နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံအပေါ် နိုင်ငံ တကာ ၏ စောင့်ကြည့်အလေးထားမှုလျော့ ကျစေရန် ဘော်လကန်ဒေသနှင့် မော်ဒိုဗာတို့တွင် အခြေ အနေများ ယိမ်းယိုင် အောင် လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် စွပ်စွဲပြော ဆိုခဲ့ကြောင်း RT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
#PAN
နိုဝင်ဘာ ၂၃ NATO တပ်ဖွဲ့အပေါ်နှင့် ဘော်ကန်ဒေသအပေါ် ရုရှား၏ စစ်ရေးခြိမ်းခြောက်မှု ဖြစ်ပေါ်လာနိုင်ခြင်း မရှိကြောင်း NATO တပ်ဖွဲ့အတွင်းရေး မှူးချုပ် ယန်းစတိုတန်ဘာ့ ကပြောသည်။ ယန်းစတိုတန်ဘာ့ သည် ယခင်က ယူဂိုစလပ်သမ္မတနိုင်ငံဖြစ်သည့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံသို့ ရောက်ရှိစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။ ရုရှားနိုင်ငံသည် ဘော်လကန်ဒေသရှိ နိုင်ငံများ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ရန် အစီအစဉ်များရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီး၏ ပြောဆိုချက်နှင့် ပတ်သက်၍ သတင်း ထောက်များက ယန်းစတိုတန်ဘာ့ ကိုမေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယန်းစတိုတန်ဘာ့ က ၎င်းတို့အနေဖြင့် NATO တပ် ဖွဲ့ဝင်နိုင်ငံများ၊ ဘော်လကန်ဒေသရှိ နိုင်ငံများအပေါ် ရုရှား၏ စစ်ရေးခြိမ်းခြောက်မှုများကို မတွေ့ရှိပေမယ့် မိမိတို့အနေဖြင့် သတိကြီးကြီးထားကာ စောင့်ကြည့်နေရ မည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇလန်းစကီး က ရုရှားနိုင်ငံသည် လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းအရေးအခင်းတွင် နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံအပေါ် နိုင်ငံ တကာ ၏ စောင့်ကြည့်အလေးထားမှုလျော့ ကျစေရန် ဘော်လကန်ဒေသနှင့် မော်ဒိုဗာတို့တွင် အခြေအနေများ ယိမ်းယိုင်အောင် လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် စွပ်စွဲပြော ဆိုခဲ့ကြောင်း RT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။