(၃)လကြာအနားယူခဲ့ရတဲ့ လု့ခ်ရှော လေ့ကျင့်ခန်းပြန်ဆင်း

နိုဝင်ဘာ ၂၃

မန်ယူနောက်ခံလူ လု့ခ်ရှောဟာ ကြွက်သားဒဏ်ရာကြောင့် (၃)လကြာအနားယူခဲ့ရပြီးနောက် ယခုအခါအသင်းနဲ့အတူ ပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွယ်အင်္ဂလန်နောက်ခံလူ လု့ခ်ရှောဟာ ဝုဗ်၊ စပါးတို့နဲ့ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲ(၂)ပွဲကိုကစားခဲ့ပေမယ့် ပေါင်ကြွက်သားဒဏ်ရာကြောင့် သြဂုတ်လလယ်လောက်ကတည်းက အနားယူခဲ့ရသူဖြစ်ပါတယ်။

လု့ခ်ရှောဟာ ယခုတစ်ပတ်မှာ ပထမအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး ခရစ္စမတ်ပွဲကြပ်ကာလမတိုင်မီ အသင်းအတွက်ပြန်ကစားနိုင်ဖို့ရှိနေပါတယ်။

၎င်း၏ မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေနေ့ 11:00 PM နာရီအချိန်တွင် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်မှုနဲ့ (၁၀) မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။