လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်စင်းအုပ်စု ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌမှ အုပ်ချုပ်ရေးမှူးဖြစ်လာ ဦးဝင်းမြင့်အား လူသတ် အကြမ်းဖက် PDF များမှ သေနတ်ဖြစ်ပစ်ခတ် သတ်ဖြတ်


နိုဝင်ဘာ ၂၃

ယမန်နေ့ နေ့လည် ၁၂ နာရီ ၃၀ အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်)၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ဝါးရုံပင်စင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ (ဘ)ဦးကျော်စိန်၊ အသက် ၅၉ နှစ်အား၊ လူသတ်အကြမ်းဖက် PDF များမှ သေနတ်ဖြစ်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် ဝါးရုံပင်စင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် သရက်ချောင်းရွာမှ ရိုးမပတ်လမ်းရှိ ငါးကန်သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဥ် အရှေ့ သရက်ချောင်း ကျေးရွာနှင့် ရိုးမပါတ်လမ်းကြားအရောက်တွင် အမည်မသိ အကြမ်းဖက် PDF များမှ အမျိုးအစားစီစစ်စဲ သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့ကြကြောင်း၊ ထိုပစ်ခတ်မှုကြောင့် ညာဘက်လက်ကောက်ဝတ် ၁ ချက်၊ မေးစေ့မှ နောက်ဂုတ်ပိုး ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊  ဝဲဘက်လည်ပင်း ရှပ်ထိဒါဏ်ရာ ၁ ချက်၊ ဘယ်ညာရင်ဘတ် ဝဲယာ ၁ ချက်၊  စီရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သတင်းရှိရပါသည်။

၎င်းသည် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌမှ အုပ်ချုပ်ရေးမှူး ဖြစ်လာသူဖြစ်ကြောင်းလဲ သိရှိရပါသည်။ ပြည်ပြေး အကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်း ညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည် စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရရှိရေး ခေါင်းစဥ်တပ်ပြီး ”ငါနဲ့မတူ ငါ့ရန်သူ” ဆိုသည့် အကြမ်း ဖက်ဝါဒဖြင့် အရပ်သားပြည်သူများကို ယခုလို သတ်ဖြတ်နေကြပြီး၊ တစ်ဘက်တွင် ဓားပြတိုက်၊ လူသတ် စသည့် အကြမ်းဖက်လုပ်ရပ်များသာ ကျူးလွန်နေကြကြောင်း၊ ၎င်းအကြမ်းဖက် PDF များသည် အပြစ်မဲ့ပြည်သူပေါင်း ထောင်နှင့်ချီ၍ ခေါင်းစဥ်အမျိုမျိုးဖြင့် သတ်ဖြတ်ခဲ့ကြသည်ကို ယခုအခါ ပြည်သူအများစုက သဘောပေါက်နား လည်ကြပြီး ၎င်းအကြမ်း ဖက်အဖွဲ့များကို တစ်နေ့တစ်ခြား ရွံရှာစက်ဆုပ်မုန်းတီးလာကြကြောင်း သိရသည်။

#PAN