OpenAl ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဆမ်အော်မန် ရာထူးတာဝန်များ ပြန်လည်ထမ်းဆောင်မည်

နိုဝင်ဘာ ၂၃

      ဉာဏ်ရည်တုနည်းပညာကို တီထွင်သည့် OpenAl ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဆမ်အော်မန်သည် ဘုတ်အဖွဲ့မှထုတ်ပယ်ခံရပြီးနောက် ရက်ပိုင်းအတွင်း အမှုဆောင်အရာရှိချုပ်အဖြစ် ရာထူးတာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း OpenAl က ယမန်နေ့တွင် ကြေညာသည်။

       အမှုဆောင်အရာရှိချုပ် ဆမ်အော်မန်၏ OpenAl ကို ဆက်လက်ဦးဆောင်နိုင်မှုအပေါ်ယုံကြည်မှုမရှိတော့ကြောင်း OpenAl ၏ ဒါရိုက် တာဘုတ်အဖွဲ့က ပြောကြားပြီး ဆမ်အော်မန် ကို ပြီးခဲ့သည့်အပတ်က ရာထူးမှထုတ်ပယ်ခဲ့သည်။

      မိုက်ခရိုဆော့ဖ် ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာ ရှိချုပ် Satya Nadella က ဆမ်အော်မန်နှင့် OpenAl ၏ ပူးတွဲတည်ထောင်သူ Greg Brockman တို့ကိုငှားရမ်းပြီး အဆင့်မြင့် ဉာဏ်ရည်တုနည်းပညာ(AI)သုတေသနအဖွဲ့ကို ဦး ဆောင်စေမည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။

      OpenAl ကုမ္ပဏီ၏ ဝန်ထမ်း ၇၇၀ အနက်မှ ၇၀၀ ကျော်သည် နိုဝင်ဘာ ၂၀ ရက်တွင် ကုမ္ပဏီသို့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့သည်။ အဆိုပါပေးစာတွင် OpenAI ကုမ္ပဏီ၏ ဘုတ် အဖွဲ့နုတ်ထွက်ရေး တောင်းဆိုခဲ့ပြီး အမှုဆောင်အရာရှိချုပ် ဆမ်အော်မန်နှင့် OpenAl ၏ ပူးတွဲတည်ထောင်သူ Greg Brockman တို့ကို ပြန် လည်ခေါ်ယူပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

       OpenAl ကုမ္ပဏီက အမှုဆောင်အရာရှိချုပ် ဆမ်အော်မန်နှင့် Greg Brockman တို့ကို ပြန် လည်ခေါ်ယူမည်ဖြစ်ပြီး ဘုတ်အဖွဲ့ကိုလည်း အသစ်ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

#PAN