ရန်ကုန်မြိုတွင် ပေါ်တာဆွဲသည့်သတင်းကြောင့် ညဘက်သွား လာသူနည်းလာ” ဟူသည့် ကောလာဟလ မဟုတ်မမှန် သတင်းများရေးသားထုတ်လွှင့်လျက်ရှိ

နိုဝင်ဘာ ၂၂

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှ လူပျောက်ကြော်ငြာများကြောင့် ရန်ကုန်မြိုတွင် ပေါ်တာဆွဲသည်ဟုဆိုပြီး မြိုနယ် အချိုတွင် ညပိုင်းလမ်းမများအပေါ် လူအသွားအလာယခင်ကထက် နည်းပါးလာကြောင်း၊ ညမှောင်သည်နှင့် ယခင်ကကဲ့သို လူသိပ်မရှိတော့ကြောင်း၊ ဈေးဆိုင်များလည်း စောစောသိမ်းလာကြောင်းနှင့် အလုပ်သမားများလည်း စောစောပြန်ကြ သည်ဟု ကောလာဟလ မမှန်သတင်းများ ရေးသားထုတ်လွှင့်၍ အများပြည်သူကြောက်ရွံထိတ်လန့်စေရန် ဆောင်ရွက်လာ သည်ကို တွေ့ရှိပါသည်။

အဆိုပါ ဖော်ပြမှုများသည် မဟုတ်မမှန်ကြောင်းနှင့် ကောလာဟလသတင်းများသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲမှ ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်အရသိရှိရပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ အုပ်ချုပ် ရေး အဖွဲအစည်းများအပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ပြည်သူများအကြား ကြောက်ရွံထိတ်လန့် စေရန်ရည်ရွယ်၍ ကောလဟလ သတင်းအမှားများ ရေးသားထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။