ဂါဇာမြောက်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များ ပိတ်ဆို့ထားသည့် ဆေးရုံအတွင်း၌ လူရာပေါင်းများစွာရှိနေ

နိုဝင်ဘာ ၂၂

     ဂါဇာမြောက်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များပိတ်ဆို့ထားသည့် အင်ဒိုနီးရှားဆေးရုံအတွင်း၌ လူရာပေါင်းများစွာရှိနေကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

      ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးတပ်ဖွဲ့များက စစ်ဆင်ရေးများ ထပ်မံဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဟားမတ်စ်စစ်သွေးကြွများအပါအဝင် စစ်သွေးကြွ ၃၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ၎င်းတို့အား စစ်ဆေးရန်အတွက် အစ္စရေးနိုင်ငံသို့ခေါ်ဆောင်မည်ဖြစ် ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။

       နိုဝင်ဘာ ၂၀ ရက်တွင် အယ်လ်ဂျာဇီးယားရုပ်မြင် သံကြားဌာနမှ ထုတ်လွှင့်သည့်ဗီဒီယိုဖိုင်တွင် ဂါဇာဒေသရှိ အင်ဒိုနီးရှားဆေးရုံသည် အစ္စရေး၏ တိုက် ခိုက်မှုများကြောင့် မျက်နှာကြက်များပျက်စီးပြီး လူနာများအပါအဝင် ၁၂ ဦးသေဆုံးကြောင်းနှင့် ၎င်းဆေးရုံအတွင်း လူ ၇၀၀ ခန့် ပိတ်မိနေကြောင်း သိရသည်။

      အစ္စရေး၏ ယခုကဲ့သို့သော တိုက်ခိုက်မှုများကို ရပ်တန့်ရန် အင်ဒိုနီးရှားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။

#PAN