နိုဝင်ဘာ ၂၀ ရက်နေ့တိုက်ပွဲသတင်းများ

နိုဝင်ဘာ ၂၁

■   စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ထန်းတပင်ရွာအနီး တပ်မတော်နဲ့ PDF ၃၀ ဦးခန့်တို့ ညနေ ၄ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF အဖွဲ့ထံမှ ဒီတိုနေတာ ၁၀ ခု၊ Drone Controller ၃ ခု၊ Drone Controller Battery ၈ ခု သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်
ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ အင်တော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းချီးတက်စဉ် နဘားကျေးရွာအရှေ့ မြောက်ဘက်  နေရာ ၄ နေရာမှ KIA နှင့် PDF ၁၆၀ ဦးခန့် က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ နန့်စီအောင်နှင့် နဘားကြားတွင် KIA နှင့် PDF များ ပြန်လည်စုဖွဲ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် အတွင်း နယ်မြေရှင်းလင်းစဉ် မြသိန်းတန်စေတီအနောက်ဘက်သို့အရောက် နေရာ ၃ နေရာမှ KIAနှင့် PDF ၁၀၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီးတပ်မတော်ဘက်မှ ထိခိုက်မှုမရှိ၊ ရန်သူ ထိခိုက်မှု စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

■   ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီစခန်းသို့ နံနက် ၆ နာရီခွဲ၊ ၁၀ နာရီခွဲနှင့် ၁၁ နာရီခွဲအချိန်တို့တွင် အကြမ်းဖက်များမှ Drone ၁၁ စီးဖြင့် Drop Bomb ၁၃၀ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အင်အား ၁၆၀ ဦးခန့်က နေရာ ၃ နေရာတွင် ဖြန့်ခွဲလှုပ်ရှားနေကြောင်းသိရသဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ရန်သူများ ထိခိုက်ကျဆုံးမှုများပြားပြီး လိုင်လင်းပီစခန်းသို့ ဝင်ရောက်တိုက်ခိုက်မှုမပြုလုပ်နိုင်ဘဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် တပ်မတော်ဘက်မှ စစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

■   မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြန့်ကန်ကျေးရွာသို့ နယ်မြေရှင်းလင်းချီတက်စဉ်  တစ်ပင်ကန်တဲစုသို့အရောက် PDF ၄ ဦးခန့်က ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ အမ် (၂၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ကျည် ၁၇၀ တောင့်၊ ဝါယာကြိုး ၁ ခွေ သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။

■   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ညောင်တိုကျေးရွာ၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် PDF များ ထိန်းချုပ်မောင်းနှင်သည့် ဒရုန်း ၁ စီးသည် ညနေ ၅ နာရီခွဲခန့်တွင် အမြင့်မီတာ ၅၀၀ ခန့်မှ ပျံသန်းရောက်ရှိလာပြီး Drop Bomb ၂ လုံး ဖြုတ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အနောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။ အဆိုပါ Drop Bomb သည် ဦးမြင့်ကျော်၊ ၂၂ နှစ်၊ ငါးမွေးမြူရေးလုပ်ကိုင်သူ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဦးမြင့်ကျော်သည် လည်ပင်းဗုံးစဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

■   မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ်၊ ပုဏ္ဏားကျေးရွာသို့ နယ်မြေရှင်းလင်းချီတက်စဉ် ကျေးရွာအနီးသို့အရောက် ထိုင်ကျင်း ၃၀ ကျင်းအား တွေ့သဖြင့် ရှင်းလင်းနေစဉ် စစ်သည် ၁ ဦးသည် PDF အကြမ်းဖက်များ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ၁ လုံး တိုက်မိပေါက်ကွဲခဲ့သဖြင့် မိုင်းစရှပ်မှန်( မစိုးရိမ်ရ) ဒဏ်ရာရခဲ့သည်။

■   ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ ကညနရုံးတစ်ဝိုက် နယ်မြေရှင်းလင်းချီတက်စဉ် နံနက် ၇ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်း သူ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိ၊ အကြမ်းဖက်အဖွဲ့မှ ထိခိုက်မှု စုံစမ်းဆဲဖြစ်သည်။

■   ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်အကျဉ်းထောင်သို့ နေ့လည် ၁ နာရီကျော်တွင် နေရာ ၃ နေရာမှ KNPP/KNDF နှင့် PDF ပူး ပေါင်းအင်အား ၉၀ ဦးခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန် လည်ပစ်ခတ်ခဲ့ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိ၊ ရန်သူ ထိခိုက်မှု စုံစမ်းဆဲဖြစ်သည်။

■   ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖူဆယ်အား ကစားကွင်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်မတော်သားများအား နေ့လည်  ၃ နာရီခန့်တွင် KNPP/KNDF အဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးနှင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန် လည်ပစ်ခတ်ခဲ့ကြောင်း၊ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိ၊ ရန်သူ ထိခိုက်မှု စုံစမ်းဆဲဖြစ် ကြောင်း သိရသည်။

■   ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်ဘုန်းကြီးကျောင်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက်သောင်းကျန်းသူ KNPP/KNDF နှင့် PDF ပူးပေါင်း ၅၀ ဦးခန့်က နေ့လည် ၂ နာရီခန့်တွင် ၁ ကြိမ်၊ အင်အား ၁၀၀ ဦးခန့်က နေ့လည် ၄ နာရီခန့်တွင် ၁ ကြိမ် လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ တပ်မတော်ဘက်မှ စစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်အဖွဲ့မှ အလောင်း ၃ လောင်းနှင့် လက်နက်များအား ဆွဲယူပြီး ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။

■   ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထရွန်အိုင်စခန်းသို့ နေ့လည် ၁ နာရီခန့်တွ် AA သောင်းကျန်းသူ အင် အား ၅၀ ဦးခန့်က Drop Bomb ၁ လုံး၊ စနိုက်ပါ၊ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိ၊ ရန်သူ ထိခိုက်မှု စုံစမ်းဆဲဖြစ် သည်။

#PAN