ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်း သူများပစ်ခတ်လိုက်သော လက်နက်ကြီးကျည် အရပ်သားပြည်သူနေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၁

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF အဖွဲ့များက ယမန်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

      ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့က ပစ်ခတ်လိုက်သော လက်နက် ကြီး ဗုံးသီးသည် ကော့ကရိတ်မြို့၊အမှတ်(၂)ရပ်ကွက်၊ ၀င်းကြီးလုံခြုံရေးအဖွဲ့များရှိရာနေရာမကျရောက်ပဲ  ပြည်သူများနေထိုင်သော အမှတ်(၂)ရပ်ကွက်၊ ၀င်းကြီးမြို့တော်ဦးတွင်နေ ထိုင်သော အရပ်သားပြည်သူ နေ အိမ်ပေါ်သို့ တည့်တည်ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစု ၄ ဦးအနက် ၂ ဦးမှာ ဗုံးစထိမှန်၍ နေရာတွင်သေဆုံးပြီးကျန် ၂ ဦးမှာဒဏ်ရာရရှိခဲ့သည်။

       ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်ခန့်တွင်အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့ အရှေ့ဘက်၊ နန်းကော်တိုးရွာရှိ ဓမ္မသီရိကျောင်းဘက်မှ သေနတ်ပစ်ဖောက်ပြီး အချက် ပေးစိန်ခေါ်ကြောင်း သိရှိရသည်။

       ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် တပ်မတော်စစ် ကြောင်းမှ  ကော့ကရိတ်မြို့အရှေ့ဘက် အဆိုပါ ဓမ္မသီရိဘုန်းကြီးကျောင်းအနီးတွင်အခြေပြုနေသော သောင်းကျန်းသူများအား လက်နက်ကြီးပစ်ကူဖြင့် နယ်မြေရှင်းလင်းနေကြောင်း သတင်းရရှိပါသည်။

#PAN