ကာတာကမ္ဘာ့ဖလားတွင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီအင်္ကျီ ၆ ထည် လေလံတင်မည်

နိုဝင်ဘာ ၂၁

လီယိုမက်ဆီရဲ့ ကာတာကမ္ဘာ့ဖလားမှာ ဝတ်ဆင်ခဲ့တဲ့ အာဂျင်တီးနားဂျာစီတွေကို နယူးယောက်မြို့ Sotheby မှာ မကြာမီ လေလံတင် ရောင်းချသွားဖို့ ရှိနေပါတယ်။

စုစုပေါင်းကာတာမှာ ဝတ်ဆင်ခဲ့ ဂျာစီ (၆) ထည်ကို လေလံတင်မှာဖြစ်ပြီး ပေါင် (၈) သန်းခန့် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လေလံကရရှိတဲ့ ငွေတွေထဲက တစ်စိတ်တစ်ပိုင်းကို ရှားပါးရောဂါခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် လှူဒါန်းသွားဖို့ရှိပြီး လီယိုမက်ဆီဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ SJD ဘာစီလိုနာကလေးဆေးရုံက ဦးဆောင်တဲ့ UNICAS ပရောဂျက်ကို လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။

လေလံတင်ပွဲကို နိုဝင်ဘာလ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ Sotheby မှာကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။