၅ ရက်ကြာ အပစ်အခတ်ရပ်စဲမှုအတွက် ဂါဇာဒေသရှိ ဓားစာခံ ၅၀ ဦး လွှတ်ပေးရန် အသင့်ရှိဟု ဟားမက်စ် ပြော

နိုဝင်ဘာ ၂၀

     ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Al-Qassam တပ်ဖွဲ့က ၎င်းတို့အနေဖြင့် ဂါဇာတွင် ထိန်း သိမ်း ထားသော ဓားစာခံအမျိုးသမီးနှင့် ကလေး ၅၀ ဦးကို ငါးရက်ကြာ အပစ်အခတ်ရပ်စဲမှုနှင့် လဲလှယ်ရန် အသင့် ရှိသည်ဟု ကြားဝင်စေ့စပ်ပေးသူများကို အသိ ပေးခဲ့ကြောင်း နိုဝင် ဘာလ ၁၃ ရက်က ပြောခဲ့သည်။

    Al-Qassam တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုင်ဒါ က အစ္စရေးဓားစာခံတွေကို ပါလက်စတိုင်း ကလေးငယ် ၂၀၀ ဦး၊ အမျိုးသမီး ၇၅ ဦးတို့နဲ့ လဲလှယ်လွှတ်ပေးရေးအတွက် ကာတာကြားဝင်စေ့စပ်ပေးသူတွေက ကြိုးပမ်းအားထုတ်မှု တွေ ဆောင်ရွက်နေကြောင်း သူ၏တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။

      ထို့ပြင် အပစ်အခတ်ရပ်စဲမှုက တိုက်ခိုက်မှုများကို ရပ်နားထားခြင်းနှင့် ဂါဇာရှိ ပြည်သူများအတွက် အကူ အညီ ဝင်ရောက်ခြင်းအတွက် အခိုင်အမာဆောင်ရွက်သင့်ကြောင်း ၎င်းက အလေးထားပြောခဲ့သည်။ အစ္စရေး၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင် တိုက်ခိုက်မှုများက ဂါဇာဒေသရှိ ဟားမက်စ်နှင့် အခြားပါလက်စတိုင်း လက်နက် ကိုင် အဖွဲ့များမှ ထိန်းသိမ်းထားသူများ၏အသက်များကို ခြိမ်းခြောက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

     အစ္စရေး စစ်ဆင်ရေးများသည် အောက်တို ဘာလ ၇ ရက်က ဟားမက်စ်ဦးဆောင်သော တိုက်ခိုက်မှုများကို လက်တုန့်ပြန် သည့်အနေဖြင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အစ္စရေးတွင် လူဦးရေ ၁,၂၀၀ ခန့် သေဆုံးခဲ့ကြောင်းနှင့် ဓားစာခံ ၂၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အစ္စရေးဘက်မှ အချက်အလက်များအရ သိရကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN