အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ ၄၄ ရက်မြောက်နေ့ နောက်းဆုံးရ ဆက်စပ်သတင်းများ

နိုဝင်ဘာ ၂၀

      အစ္စရေး – ပါလက်စတိုင်း စစ်ပွဲ (၄၄) ရက်မြောက်နေ့အထိ အစ္စရေးဖက်မှ ၁,၂၀၀ ဦးခန့် သေ ဆုံး၊ ၈,၅၈၁ ဦးခန့် ဒဏ်ရာရ၍ ယခုချိန်ထိ အစ္စရေးစစ်သား ၃၈၅ ဦး ကျဆုံးခဲ့ကြောင်း၊ ဓားစာခံတစ်ဦး အလောင်း ဖော်ထုတ်ရရှိ၍ ဓါးစားခံ၂၃၆ ဦး လက်ရှိထိန်းသိမ်းခံထားရကြောင်း၊ ဂါဇာကျန်းမာရေးဝန် ကြီးဌာန၏ နိုဝင်ဘာ ၁၈ ရက်၊ ညပိုင်းထုတ်ပြန်ချက်အရ ပါလက်စတိုင်းဖက်မှ ကလေး ၅,၅၀၀နှင့် အမျိုးသမီး ၃,၅ဝဝ အပါအဝင် စုစုပေါင်း ၁၃,ဝဝဝ ဦး ခန့်သေဆုံးပြီး ဒဏ်ရာရ၃၂,၅ဝဝ ခန့် ရှိကြောင်း သိရှိရပါသည်။

၄၄ ရက်မြောက်နေ့ ထူးခြားသတင်းများ

■    အီဂျစ်နယ်စပ် ရာဖာ ဂိတ်မှ လူသားချင်းစာနာထောက်မှု အကူအညီအဖြစ် ကုန်တင်ကား အစီး ၄၀
ဝင်ရောက်ခဲ့ပြီး ရေနှင့်အစားအသောက်များ၊အသုံး
အဆောင်ပစ္စည်းများနှင့် ဆေးဝါးများ၊ အသက်မွေး
မှု အထောက်အကူပြု ပစ္စည်းများပါဝင်ကြောင်း သိရှိ
ရပါသည်။

■    နိုဝင်ဘာ ၁၈ ရက်နေ့ ညပိုင်းနှင့် ၁၉ရက်နေ့၊
နေ့ပိုင်းတို့တွင် ဂါဇာရှိ ဟားမတ်စ် အကြမ်းဖက်များ
မှ အစ္စရေးတောင်ပိုင်းရှိ Kissufim ၊ lvim ၊ Netiv ၊
Shlomi I Shtula Margaliot’ Shmona Idmit! Ivim Nachal Oz Alumim Sa’ad Nir Itzhak ၊ Kfar Azza မြို့များနှင့် နယ်စပ်မြို့များ ဖြစ်သည့် Sderot ၊ Nir Am ၊ Ashkelonပတ်ပတ်လည် နှင့် Gaza border area တို့အား ဒုံးကျည်များဖြင့်ပစ် ခတ်ခဲ့ပြီး၊အစ္စရေးတောင်ပိုင်းတွင်လည်း လက်ဘနွန်ဖက်မှ ပစ်ခတ်ခဲ့မှုများရှိကာ ပစ်ခတ်မှု အနည်းငယ် လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။

■    IDFအဖွဲ့များသည် ဂါဇာရှိဟားမတ်စ်အကြီးတန်းအရာရှိများ၏ နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့ရာ သံချပ်ကာတပ်ဖွဲ့၊ အင်ဂျင်နီယာတပ်နှင့်လေ တပ်တို့နှင့်အတူ ဟားမတ်စ်များ၏ အခြေခံအဆောက်အအုံနှင့် ပိုင်ဆိုင်မှုများကို ဖော်ထုတ်ဖျက် ဆီးရန်အတွက် Sheikh ljlin နှင့် Rimal ဧရိယာများတွင် စစ်ဆင်မှုပြုလုပ်ခဲ့ပြီး ဥမင်လှိုဏ်ခေါင်း ၃၅ ခု ခန့်နှင့် လက်နက်အမြောက်အမြား၊ အကြမ်းဖက် သမားများကို ရှင်း လင်းဖယ်ရှားခဲ့ပြီး၊ Rimal ဧရိယာတွင် လျှို့ဝှက်စွာရှိသည့် အကြမ်းဖက် အကြီးတန်း အရာရှိများ၏ နေအိမ်များ၊ အကြမ်းဖက်လုပ်ဆောင်ရန် ဧရိယာအတွင်း ထိန်းချုပ်ကွပ်ကဲသော စစ်အခြေ စိုက် စခန်းများ၊ ခဲယမ်းမီးကျောက် သိုလှောင်ရုံများနှင့် ဒုံးပစ်လောင်ချာ ခုနစ်စင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

■   IDF နှင့် ISA မှ ထောက်လှမ်းရရှိမှုအချက်များ
အပေါ် အခြေခံ၍ IDF တပ်ဖွဲ့ဝင်များသည် ၅၅ မီတာ
ရှည်သော ကြောက်မက်ဖွယ် အခိုင်အခံ့ အကြမ်းဖက်
ဥမင်လိုဏ်ခေါင်းကို Shifa ဆေးရုံအောက် ၁၀ မီတာ
အနက်မှ ဖော်ထုတ်ရရှိခဲ့ကြောင်း၊ အောက်ဖက်အ
ဆင်းလှေကားတွင် ပေါက်ကွဲမှုဒဏ်ခံတံခါး တပ်ဆင်
ထားပြီး ပစ်ခတ်ပေါက်များအပါ ဥမင်လှိုင်ခေါင်းဆီသို့ ဦးတည်ကြောင်း၊ ဤတံခါးအမျိုးအစားမှာ ဟား
မတ်စ်အကြမ်းဖက်အဖွဲ့ ကွပ်ကဲမှုဌာနများနှင့် မြေ
အောက်သို့ မဆိုင်သူ ဝင်ရောက်ခြင်းမှ ပိတ်ဆို့ရန်
အတွက် အသုံးပြုထားပြီး၊ RPG များ၊ ဖောက်ခွဲရေး
ပစ္စည်းများနှင့် Kalashnikov ရိုင်ဖယ်များ အပါအ
ဝင် လက်နက်အများအပြားပါရှိသော ကားတစ်စီးနှင့်
အတူ ဆေးရုံအောက်ဘက်ရှိ လှိုဏ်ခေါင်းပေါက်ကို
တူးဖော်ရရှိခဲ့ကြောင်း၊ ဥမင်လမ်းကြောင်းကို ဆက်
လက်ဖော်ထုတ်တွေ့ရှိချက်များအရ ဆေးရုံ၏ အ
ဆောက်အအုံ အများအပြားကို အကြမ်းဖက် လုပ်
ဆောင်မှု ကာဗာအဖြစ် ဟားမတ်စ်တို့ အသုံးပြုနေ
သည်အား ရှင်းလင်းစွာ သက်သေပြခဲ့ပြီး၊ ဟားမတ်
စ်တို့သည် ၎င်းတို့၏ လူသတ်အကြမ်းဖက် လှုပ်ရှားမှု
အတွက် ဂါဇာကမ်းမြှောင်နေသူများကို လူသားဒို
အဖြစ် အသုံးပြုနေခြင်း အထောက်အထားများဖြစ်
ကာ စစ်ဆင်ရေးကို ဆက်လက် လုပ်နေကြောင်း သိရှိ
ရပါသည်။

■   ထို့အပြင် IDF တပ်ဖွဲ့များသည် ပါလက်စတိုင်းတို့ နေထိုင်သည့် အနောက်ဘက်ကမ်းသို့ ညဖက် ဝင်
ရောက်စီးနင်းစဉ် Jenin နှင့် Nablus မြို့တို့တွင်
လက်နက် ၁ဝ လက်ကျော်နှင့် လူ ၂၀ ခန့်ကို ဖမ်ဆီး
ရမိကာ ဖောက်ခွဲရေးပစ္စည်းများ၊ ဗုံးလုပ် စက်ရုံတစ်
ရုံနှင့် စောင့်ကြည့်ရေးမီးပုံးပျံများ ရရှိခဲ့ပြီး၊ အကြမ်း
ဖက်အဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ
ဖမ်းဆီးခြင်း၊ချေမှုန်းသုတ်သင်ခြင်းများ လုပ်ဆောင်
ခဲ့ကြောင်း သိရှိရပါသည်။

■  IDF တပ်ဖွဲ့များသည် နို ၁၈ရက် ညပိုင်းက တိုက်
လေယာဉ်များ၊တင့်ကားများဖြင့် လက်ဘနွန်နယ်မြေစစ်ဘက်ရှိ ဟစ်ဇ်ဘိုလာ အကြမ်းဖက်စခန်းများနှင့်
ဆိုင်ရာ အဆောက်အအုံများအပါအဝင် ပစ်မှတ်
အများအပြားကို ချေမှုန်းတိုက်ခိုက်ခဲ့ပြီး၊ UAV ဖြင့်
လည်း အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း၊
အစ္စရေးမြောက်ပိုင်းရှိ ရှလိုမီဒေသသို့ လက်ဘနွန်
ဖက်မှ မော်တာကျည် ၁ဝ လုံးခန့် ပစ်ခတ်ခဲ့ကာ လူသူ
ကင်းသည့်နေရာတွင် ကျရောက်၍ ထိခိုက်မှု မရှိခဲ့ပဲ
လက်ဘနွန်ဖက် ပစ်ခတ်သည့်နေရာသို့ တုန့်ပြန်ပစ်
ခတ်ခဲ့ကြောင်း သိရှိရပါသည်။

■  ထို့အပြင် နို ၁၉ ရက်၊ တနင်္ဂနွေနေ့နံက် ၉ နာရီခန့်
က လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ အကြမ်းဖက်သမား
များ၏နေရာကို လေကြောင်းတိုက်ခိုက်၍ ချေမှုန်းခဲ့
ကြောင်း၊အစ္စရေးမြောက်ပိုင်း ဂါလီလီ ကုန်းတွင်း
ပင်လယ်ဖက်သို့ ထိုးဖောက်လာသော မောင်းသူမဲ
လေယာဉ်ကိုလည်း ဟန့်တားနိုင်ခဲ့ကြောင်း၊ လက်ဘ
နွန်မှ အစ္စရေးမြောက်ပိုင်းသို့ ပစ်ခတ်မှုအများအပြား
ရှိခဲ့ပြီး ကွင်းပြင်များတွင် ကျရောက်၍ ထိခိုက်မှု မရှိ
ပဲ ပစ်ခတ်သည့်နေရာများကို မှတ်တမ်းထားကြောင်း၊
နို ၁၉ ရက်၊တနင်္ဂနွေနေ့ နေ့လည်ပိုင်းက အစ္စရေး
မြောက်ပိုင်းရှိ Margaliot နှင့် Kfar Giladi ဒေသဆီ
လက်ဘနွန်မှ ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့သော်လည်း ကွင်းပြင်များတွင် ကျရောက်၍ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါသည်။

■  ပါလက်စတိုင်း၊အနောက်ဖက်ကမ်းဒေသ၊Jenin
တွင် နို ၁၈ ရက် တနင်္ဂနွေနေ့ နံက်ပိုင်းက အစ္စရေး
တပ်များနှင့် လက်နက်ကိုင်တိုက်ပွဲအတွင်း ပါလက်စ
တိုင်းတစ်ဦး သေဆုံးကြောင်း၊ ထို့အပြင် ကာလန်ဒီ
ယာတွင် အစ္စရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံမှု၌ပါလက်စတိုင်းတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ Nablus အနီးရှိ Balata တွင် ပါလက်စတိုင်းနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

■  IDF မှ ဂါဇာမြောက်ပိုင်း တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အရာရှိ ၂ ဦး၊ အခြားအဆင့်စစ်သည် ၃ ဦး တို့ကို ထုတ်ပြန်ကြေညာခဲ့၍ အခြားအဆင့် တစ် ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စစ်ပွဲစတင်ချိန်မှစ၍ အစ္စရေးဖက်မှ အရာရှိစစ်သည် စုစုပေါင်း ၃၈၅ ဦး ကျဆုံးခဲ့ကြောင်း သိရှိရပါသည်။

■  ယီမင်တောင်ပိုင်း ပင်လယ်နီအနီးရှိ ဟူသီသူပုန်
များက ကုန်တင်သင်္ဘောတစ်စီးကို ပြန်ပေးဆွဲခြင်း
သည် ကမ္ဘာလုံးဆိုင်ရာအကျိုးဆက်အတွက် အလွန်
ဆိုးရွားသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါ
သင်္ဘောတွင် အစ္စရေးလူမျိုးများ မပါဝင်ပဲ နိုင်ငံစုံမှ
လူမျိုးဝန်ထမ်းများဖြင့် တူရကီမှ အိန္ဒိယသို့ ထွက်ခွာ
ခဲ့ခြင်းဖြစ်ပြီး အစ္စရေးသင်္ဘော မဟုတ်ကြောင်း IDF
မှ ထုတ်ပြန်ထားပြီး ယီမင်ရှိ ဟူသီများက အစ္စရေး
ပိုင် သင်္ဘောများအားလုံးကို ပစ်မှတ်ထားနိုင်သည်ဟု
အစ္စရေးကုမ္ပဏီများက ပြောကြားကြောင်း သိရှိရပါ
သည်။

■    ယီမင်ရှိ ဟူသီသူပုန်အုပ်စုက ကြယ်စုခေါင်း
ဆောင် ( GLAXY LEADER )အမည်ရှိ အစ္စရေးပိုင်
ကားတင်ကုန်သင်္ဘောကို ပြန်ပေးဆွဲခဲ့ရာ လူ ၂၂ ဦး
လိုက်ပါသွားမှုကို Al Arabiya က ဖော်ပြထားကာ Vessel Finder က GALAXY LEADER ၏ တည်နေရာသည် Red Sea တွင်ရှိပြီး၊ အလို အလျောက်မှတ်ပုံတင်စနစ် (AIS) မှ လွန်ခဲ့သည့် ၂၆ နာရီကအစီရင်ခံခဲ့ကြောင်း၊ ယီမင်နိုင်ငံ၊ ဟူသီအုပ်စု ၏ ပြောရေးဆိုခွင့် ရှိသူ Yahya Sarea က ၎င်းတို့ သည် အစ္စရေးကုမ္ပဏီများ ပိုင်ဆိုင်သော သို့မဟုတ် လည်ပတ်နေသော သင်္ဘောများ သို့မဟုတ် အစ္စရေးအလံကို ကိုင်ဆောင်ထားသည့် သင်္ဘောအားလုံးကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း နို ၁၉ ရက်၊တနင်္ဂနွေ နေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ သင်္ဘောပေါ်တွင် အလုပ်လုပ်နေသော သင်္ဘောသားများအား နိုင်ငံအားလုံးမှ ရုပ်သိမ်းရန် ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက် ဂျေရှု့ဆလင်ပို့စ် သတင်းအရ သိရှိရပါ သည်။

■    နိုဝင်ဘာ ၁၈ ရက်၊ စနေနေ့ညနေပိုင်း ဝန်ကြီး ချုပ် Benjamin Netanyahu နှင့် သတင်းစာရှင်း လင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး Yoav Gallant က IDF ၏ မြေ ပြင်စစ်ဆင်မှု ဒုတိယအဆင့်သို့ ပြောင်းရွှေ့ခြင်းဆိုင် ရာ တိုးတက်မှုကို ရှင်းပြခဲ့ကြောင်း၊”မကြာသေးမီရက်များအတွင်း စစ်ဆင်မှု၏ဒုတိယအဆင့်သို့ တိုးမြင့်သွားခဲ့ပြီး၊ ဟားမတ်စ်တွေကို ပြင်းပြင်းထန်ထန် ချေ မှုန်းခဲ့ကာ သူတို့ဌာနချုပ်တွေ၊ ဥမင်လိုဏ်ခေါင်းတွေနဲ့ ဗုံးခိုကျင်းတွေ ဆုံးရှုံးကြတယ်၊ သူတို့ရဲ့ တပ်မှူးတွေ ဒဏ်ရာရတယ်။ မကြာသေးခင် ရက်သတ္တပတ်တွေနဲ့ ရက်တွေအတွင်း ထောင်နဲ့ချီတဲ့ အကြမ်းဖက်သမားတွေ အသတ်ခံခဲ့ကြရတယ်။ ဘာမဆို အရေးယူဖို့ မတွန့်ဆုတ်ပါဘူး။ နေ့တိုင်း ဟားမတ်စ်တွေ ရောက်နေတဲ့ နေရာတွေ၊ ဂါဇာကမ်းမြောင်တောင်ဘက်ရှိ သူများသည်လည်း မကြာမီ နားလည် လာလိမ့်မည်”ဟု ပြောဆိုခဲ့ကြောင်း၊ IDF တပ်ဖွဲ့များသည် အနောက်ဘက်ခြမ်းတွင် ကျန်ရှိနေသေးသော်လည်း အရှေ့ဘက်သို့လည်း လှုပ်ရှား စစ်ဆင်လျှက်ရှိကြောင်း သိရှိရပါသည်။

■    အစ္စရေး စစ်ပွဲကာလ ဝန်ကြီး Benny Gantz
က “ကျွန်ုပ်တို့ လုပ်သမျှအားလုံးဟာ သားသမီးတွေ
ကို အိမ်ပြန်ခေါ်လာဖို့ ရည်ရွယ်ထားပါတယ်” ဟု နို
၁၈ ရက်၊ စနေနေ့ညနေပိုင်းတွင် Tel Aviv မှာ ပြော
ကြားခဲ့ပြီး ၊ “ကျွန်ုပ်တို့အားလုံး၊ စစ်ကက်ဘိနက်
တစ်ခုလုံး၊ ညွန့်ပေါင်းအဖွဲ့ကြီးတစ်ခုလုံးနှင့် အတိုက်
အခံများသည် ကျွန်ုပ်တို့၏အာဏာဖြင့် အရာအား
လုံးကို လုပ်ဆောင်ရန်နှင့် ၎င်းတို့ကို ပြန်လည်ရရှိရန်
ခြေလှမ်းတိုင်းအတွက် အပြည့်အဝ တာဝန်ယူပါ
သည်။” ဟု ဆက်လက် ပြောကြားကာ IDF ၏ အ
နောက်မှထောက်ခံမှုပြုထားကြသည့် ဂျူးနှင့် အာရပ်
များ၊ ဘာသာရေးနှင့် လောကီရေးရာ ဆိုင်ရာ ပုဂ္ဂိုလ်
များ၊ နိုင်ငံရေးနယ်ပယ်မှ လက်ဝဲနှင့် လက်ယာတို့မှ
ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါ
ကြောင်း ဖော်ပြခဲ့ပါသည်။

■    ဝန်ကြီးက ဆက်လက်၍ ” ဒီစစ်ပွဲမှာ ကျွန်တော်
တို့ မှန်တယ်၊ ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ တာဝန်ကို အသုံးချပြီး စာနာတတ်ကာ ပညာရှိဖို့လည်း လို
အပ်ပါတယ် ” ၊ “ဒီလိုအချိန်မျိုးမှာ ခက်ခဲတဲ့ ဆုံး
ဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်ပြီး တတ်နိုင်သမျှ
ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုနဲ့ လုပ်ရမယ်ဆို
တဲ့အတိုင်း ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့
အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။” ဟု ပြောကြားခဲ့
ကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဦးမည်
ဟုလည်း ဝန်ကြီးက မှတ်ချက်ပြုထားသော်လည်း
အစ္စရေးက သန္နိဋ္ဌာန်ချထားပြီးဖြစ်၍ စစ်ပွဲအပြီး
တွင် တည်ငြိမ်အေးချမ်းမှု ရရှိမည်ဖြစ်ကြောင်း သိရှိ
ရပါသည်။

■    အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben- Gvir က နိုဝင်ဘာ ၂ဝ ရက်၊တနင်္လာနေ့ ညနေပိုင်းတွင် ကြမ်းဖက်သမားများအား သေဒဏ်ပေးရေးဥပဒေကို အမျိုးသားလုံခြုံရေးကော်မတီတွင် ပထမဆုံးဖတ်ကြားရန် ပြင်ဆင်မှုကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ “တနင်္လာနေ့တွင်၊ MK Limor Son Har- Melech တင်သွင်းသော Otzma Yehudit အဖွဲ့ခွဲမှ အကြမ်းဖက် သမားများအတွက် သေဒဏ်ပေးရေးဥပဒေ၏ ပထမအကြိမ်ဖတ်ရန် ပြင်ဆင်မှုကို MK Zvika Fogel ဥက္ကဌအဖြစ် အမျိုးသားလုံခြုံရေးကော်မတီတွင် ဆွေးနွေးလိမ့်မည်” ဟု Ben-Gvir က ပြောကြားခဲ့ပြီး“ လွှတ်တော် အဖွဲ့ဝင် အားလုံး ဒီအရေးကြီးတဲ့ ဥပဒေကို ထောက်ခံဖို့ မျှော်လင့်ပါတယ်ဟု တောင်းဆိုခဲ့ကြောင်း၊ အစ္စရေးသည်အကြမ်းဖက်သမားများကို သေဒဏ်ပေးနိုင်ရေး
အတွက် Knesset တွင် ဆွေးနွေးရန် ဆောင်ရွက်နေ
ကြောင်း သိရှိရပါသည်။

■    အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် တော်လှန်ရေး
အဖွဲ့များသည် အစ္စရေးနှင့် ၎င်း၏ထောက်ခံသူများ
ကို ဖိအားပေးနိုင်ရေးအတွက် လိမ္မာပါးနပ်စွာ ချိန်ဆ
နေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein
Amirabdollahian က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး၊ တော်လှန် ရေးအဖွဲ့တွေဟာ (အစ္စရေးနိုင်ငံအပေါ်ဖိအား အတွက်) လှုပ်ရှားဆောင်ရွက်နိုင်တဲ့ စွမ်းရည်တွေ ရှိနေဆဲပါ ” ဟု ၎င်း၏ ပြောကြားမှုကို နိုဝင်ဘာ ၁၉ ရက်နေ့ ရိုက်တာ သတင်းဌာနမှ ဖော်ပြထားပါသည်။

■    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်သော လူသား
ချင်းစာနာမှု အကဲဖြတ်အဖွဲ့သည် ဂါဇာမြောက်ပိုင်းရှိ
ရှီဖာဆေးရုံသို့ နို ၁၈ရက်၊ စနေနေ့က သွားရောက်ခဲ့
ပြီး အခြေအနေကို အကဲဖြတ်ရန် WHO က ထုတ်ပြန် ခဲ့ကြောင်း၊ အဆိုပါအဖွဲ့တွင် ပြည်သူ့ကျန်းမာရေး
ကျွမ်းကျင်သူများ၊ ထောက်ပံ့ပို့ဆောင်ရေးအရာရှိ
များနှင့် ကုလသမဂ္ဂဌာနအသီးသီးမှ လုံခြုံရေးဝန်ထမ်း များ ပါဝင်ခဲ့ကြောင်း၊လုံခြုံရေးအန္တရာယ်များကြောင့် အဖွဲ့သည် ဆေးရုံအတွင်း၌ တစ်နာရီခန့်သာ နေထိုင်နိုင်ခဲ့ရာ ၎င်းကို “သေမင်းတမန်ဇုန်” ဟု ဖော်ပြခဲ့ပြီး ရုပ်အလောင်း ၈၀ ကျော် ပါဝင်သော အစုလိုက်အပြုံလိုက် သင်္ချိုင်းတစ်ခုကို တွေ့ရှိခဲ့ရကြောင်း၊ ပစ်ခတ်မှုနှင့် သတ်ဖြတ်မှုလက္ခဏာများထင်ရှားစွာ ရှိနေကြောင်း ထုတ်ပြန်ခဲ့မှုအား နိုဝင်ဘာ ၁၉ ရက် ရိုက်တာသတင်းအရ သိရှိရပါသည်။

■    ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂ လူသား
ချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံးတို့ ပူးပေါင်းကာ
ပါလက်စတိုင်းလခြမ်းနီအဖွဲ့မှ အရွယ်မရောက်သေး
သည့် ကလေးသူငယ် ၃၁ ဦးကို တနင်္ဂနွေနေ့တွင်
ကယ်ထုတ်နိုင်ခဲ့မှုကို အဆိုပါအဖွဲ့၏ Facebook
စာမျက်နှာတွင် ရေးသားထားပါသည်။ ကလေးသူ ငယ်များကို Rafah ရှိ Emirates ဆေးရုံသို့  လွှဲ ပြောင်းရန် ပြင်ဆင်မှုဖြင့် ဂါဇာတောင်ဘက်သို့ ပြောင်းရွှေ့ ခံခဲ့ရကြောင်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့ပြီး၊ ညနေပိုင်းတွင် ဂါဇာရှိ ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ashraf Al- Qidra က ကလေးငယ်များကို Rafah ရှိ Tal Alsultan ဆေးရုံသို့ ရွှေ့ပြောင်းခဲ့ကာ တနင်္လာနေ့တွင် ၎င်းတို့၏ မိသားစုများနှင့်အတူ အီဂျစ်ဆေးရုံများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရှိရပါသည်။

■    ရုရှား အရေးပေါ်ဝန်ကြီးဌာနက ဂါဇာကမ်းမြှောင် ဒေသရှိ ကလေး ၂၃၀ အပါအဝင် ရုရှားနိုင်ငံသား ၅၅၀ကျော်ကို လွန်ခဲ့သည့်တစ်ပတ်ခန့်မှ စတင်
ကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ အီဂျစ်
နိုင်ငံမှ အထူးလေယာဉ်ဖြင့် စနေနေ့နှောင်းပိုင်းတွင်
ရောက်ရှိလာသော ရုရှားနိုင်ငံသား ၁၂၀ အပါအဝင်
လူ ၄၀၈ ဦးကို မော်စကိုမြို့သို့ ပို့ဆောင်ထားပြီးဟု
ဝန်ကြီးဌာနက Telegram မက်ဆေ့ချ်အက်ပ်တွင်
ပြောကြားခဲ့ကြောင်း၊ဂါဇာကမ်းမြောင်မှ ရုရှားနိုင်ငံ
သား မည်မျှထွက်ခွာမည်ကို မသိရသေးပဲ ရုရှားမီဒီ
ယာများ၏ ဖော်ပြချက်အရ ယခင်က ဆိုဗီယက်ယူနီ
ယံ၏ သမ္မတနိုင်ငံများမှ ရုရှားနိုင်ငံသားနှင့် နိုင်ငံ
သား ၁,ဝဝဝ ခန့်သည် ထွက်ခွာလိုကြောင်း ဖော်ပြခဲ့
ကြသည်ဟု ရိုက်တာ သတင်းအရ သိရှိရပါသည်။

■    ဂျော်ဒန်ဘုရင် Abdullah က ဂါဇာတွင်လူသား
ချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ရပ်
ရပ်ကို ရပ်တန့်ရန် နိုင်ငံတကာအသိုက်အဝန်း အနေ
ဖြင့် ဂါဇာ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေး
သင့်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကာ၊
ဥရောပကော်မရှင် အကြီးအကဲ Ursula von der
Leyen နှင့်တွေ့ဆုံစဉ် ကမ္ဘာ့အင်အားကြီးနိုင်ငံများ
သည် အရပ်သားများကို အကာအကွယ်ပေးနိုင်ရေးအစ္စရေးအား နိုင်ငံတကာဥပဒေနှင့်အညီ လိုက်နာရန်
တွန်းအားပေးသင့်ပြီး အသိုင်းအဝိုင်းအတွင်းသို့
အကူအညီများ အဆက်မပြတ် စီးဆင်းခွင့်ပြုရန်
အစ္စရေး၏ တောင်းဆိုချက်များကို ဂရုပြုသင့်
ကြောင်းလည်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရှိရပါသည်။

■    ပုပ်ရဟန်းမင်းကြီး Francis က ယူကရိန်းနဲ့ အရှေ့ အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးအတွက် ထပ်ပြန်တလဲ လဲ တောင်းဆိုနေချိန်မှာပဲ သူ့ရဲ့ Angelus က ပဋိပက္ခတွေ ရပ်တန့်ဖို့ ကြိုးပမ်းမှုတွေ ဆက်လုပ်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ပြောကြားခဲ့ကြောင်း၊ “ယူကရိန်းရဲ့ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ လူတွေနဲ့ ပါ လက်စတိုင်းနဲ့ အစ္စရေးက ပြည်သူတွေအတွက် ကျွန်တော် ဆုတောင်းပါတယ်” ဟု ပြောကြားခဲ့ပြီး၊ စိန့်ပီတာရင်ပြင်တွင် စုရုံးနေသော အဝါရောင်နှင့် အပြာရောင် ယူကရိန်းအလံအချို့ကို တွေ့ရှိခဲ့ရကြောင်း၊ “ငြိမ်းချမ်းရေးဆိုတာ ဖြစ်နိုင်တယ်၊ စိတ်ကောင်း စေတနာကောင်းရှိဖို့ပဲ လိုတယ်၊ ငါတို့က ကိုယ့်ကိုကိုယ် မသိမြင်ကြဘူး၊ ဘာလို့လဲ ဆိုတော့ အမြဲတမ်းပဲ စစ်ပွဲဆိုတာ လက်နက်ထုတ်လုပ်သူတွေသာ အမြတ်ရတဲ့ ရှုံးနိမ့်မှုပါပဲ” ဟု ပြောဆိုခဲ့သည်ဟု ရိုက်တာသတင်းအရ သိရှိရပါသည်။

#PAN