ကန့်ဘလူမြို့နယ် ၊ ချပ်သင်းကျေးရွာပြည်သူ့စစ်အထိုင်စခန်းချရွာကို အကြမ်းဖက် PDFအဖွဲ့ဝင်များက ကျေးရွာအတွင်း ခိုကပ်ပုန်းအောင်းကာ ပြည်သူ့စစ်အဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်၍ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ ၂ ဦးကျဆုံးပြီး ၁ ဦးဒဏ်ရာရရှိ

နိုဝင်ဘာ ၂၀

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ် ၊ ချပ်သင်းကျေးရွာ ပြည်သူ့စစ်အထိုင်ချကျေးအတွင်းသို့ အကြမ်းဖက် အဖွဲ့ဝင် PDF များက ခိုကပ်ပုန်းအောင်းကာ ပြည်သူ့စစ်လုံခြုံရေးပူးပေါင်းအဖွဲ့ ချောင်းမြောင်းပစ်ခတ်ခံရကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်ပွားမှုတွင် ပူးပေါင်းလုံခြုံ‌ရေးစခန်းမှလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းသို့ နယ်မြေရှင်းလင်း‌ရေး
ထွက်စဉ် ခိုကပ်ပုန်းအောင်းနေသောအကြမ်းPDFများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ် ၁ ဦးနှင့်ရဲတပ်သား ၂ ဦးသေဆုံးပြီး ပြည်သူ့စစ်အဖွဲ့မှ ၁ ဦး ဒဏ်ရာ(မစိုးရိမ်)ရရရှိကြောင်းသိရှိရပါသည်။

အကြမ်းဖက်အဖွဲ့များသည် လုံခြုံးရေးဂိတ်များ ၊ လုံခြုံရေးအထိုင်စခန်းများ ရှိရာနေရာသို့ ချဉ်းကပ်ခိုအောင်ကာ နည်းမျိုးစုံဖြင့် လုပ်ဆောင်လာနေသည်ဖြစ်၍ လိုအပ်သောအစီအမံများ ကြိုတင်လုပ်ဆောင်ထားသင့်ကြောင့် ဒေသခံတဦးမှ အကြံပြုသတင်းပေးပို့မှုအရ သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews