မြန်မာနှင့်မြောက်ကိုရီးယားအသင်းတို့ နိုဝင်ဘာ လ ၂၁ ရက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည်

နိုဝင်ဘာ ၁၉

     ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေ စစ်ပွဲအုပ်စုဒုတိယနေ့ကို နိုဝင်ဘာလ ၂၁ ရက်တွင် မြန်မာအသင်းက မြောက်ကိုရီးယားအသင်းနဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

     မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ကာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီး မြောက်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် ပြန်လည်ပြင်ဆင်လျက်ရှိပါတယ်။

     မြန်မာအသင်းဟာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား အသင်းတို့နဲ့ အုပ်စုကျပ်အတွင်း ကျရောက်နေ ကာ ရမှတ်ရယူရေးအတွက် အိမ်ကွင်းပွဲတွေကို အားစိုက်အသုံးပြုရမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားအသင်းဟာ အုပ်စု ပထမပွဲအဖြစ် အဝေးကွင်းမှာ ဆီးရီးယားအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ မြန်မာအသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာ က ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် မြောက်ကိုရီးယားနဲ့ ဆီးရီးယား အသင်းတွေဆီက အမှတ်တွေ ရအောင် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

#PAN