အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးတွင် ပွင့်လင်းမြင်သာသောကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ဖန်တီးရန် သဘောတူညီ

နိုဝင်ဘာ ၁၉

     အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု ထိပ်သီးအစည်းအဝေးတွင် ပွင့်လင်းမြင် သာသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်ကို ဖန်တီးရန် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြောင်း သိရသည်။

      ခေါင်းဆောင်များသည် ၎င်းတို့၏ ထိပ်သီး အစည်း အဝေးပွဲပြီးနောက် ထုတ်ပြန်သည့် ကြေ ညာချက်တွင် အထက်ပါကိစ္စရပ်နှင့် ပတ်သက်ပြီး
၎င်းတို့၏ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြု
ခဲ့သည်။

      အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု ထိပ်သီးအစည်းအဝေးကို အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမြို့ ဆန်ဖရန်စစ္စကိုမြို့၌ နှစ်ရက် ကြာ ကျင်းပခဲ့သည်။

      ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ မိန့်ခွန်းဖြင့် ထိပ်သီးဆွေး နွေးပွဲကို နိုဝင်ဘာ ၁၇ ရက်တွင် ပြီးဆုံးခဲ့သည်။ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံအားလုံးပါဝင်နိုင်သည့် ရေရှည်တည်တံ့သော စီးပွားရေးကို တည်ဆောက်ရန် ခေါင်း ဆောင်များသည် အတူ တကွပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း ဂျိုးဘိုင် ဒင်က ပြောကြားသည်။

       အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုသည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံ၏ ဒေသတွင်း စီးပွားရေးဖိုရမ်ဖြစ်သည်။

အဆိုပါ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု ထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီး ချုပ် ကီရှီဒါလည်း တက်ရောက်ခဲ့သည်။ ပီရူးနိုင်ငံသည် လာမည့်နှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို အိမ်ရှင်အဖြစ် လက် ခံကျင်းပမည်ဖြစ် ကြောင်း သိရသည်။

#PAN