အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ ၄၂ ရက်မြောက်နေ့ နောက်းဆုံးရ ဆက်စပ်သတင်းများ

နိုဝင်ဘာ ၁၈

      IDF သည် ဂါဇာကမ်းမြှောင်မြောက်ပိုင်းတွင် မြေ ပြင်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေချိန်တွင် အစ္စရေး၏ စစ်ဖက် ကက်ဘိနက်အဖွဲ့သည် ကုလ သမဂ္ဂအသုံးပြုရန်အတွက် လောင်စာသုံးထရပ်ကားများ နေ့စဉ်ဝင်ရောက်မှုကို အတည်ပြုခဲ့သည်။ ဂါဇာနှင့် လက်ဘနွန်တို့မှ ဒုံးကျည်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည့်ကြားတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုသကဲ့သို့ ဂါဇာတွင် ငတ် မွတ်မှုနှင့် ရောဂါ ဘယများ ကျရောက်နေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက သတိပေးခြင်းဖြင့် ဖြစ်နိုင်ချေရှိသော ဓားစာခံအပေးအယူတစ်ခုဆီသို့ ထွက်ပေါက်မရှိသည့်အခြေအနေမှာ ဆက်လက်တည်ရှိနေသည်။

၄၂ ရက်မြောက်နေ့ (ယမန်နေ့)က ဖြစ်ပွားမှုများ

■    IDF သည် ဂါဇာကမ်းမြောင်မြောက်ပိုင်းတွင် ညတွင်း စစ်ဆင်ရေးကို သောကြာနေ့အထိ ဆက်လက်လုပ်ဆောင်ခဲ့သည်။  ပါလက်စတိုင်း၏ အစီရင်ခံစာအရ ဟားမတ်စ်၏ နိုင်ငံရေးဝါဒီအဖွဲ့ဝင်တစ်ဦးနှင့် ဟားမတ်စ်အဖွဲ့နှင့် ဆက်နွှယ်နေသည့် အကြီးတန်း Fatah အဖွဲ့ဝင်ဟောင်းတစ်ဦးတို့သည် ကမ်းမြှောင်တွင် အစ္စရေး၏တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။  အဓိက ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် ကင်းစခန်းကို ဖျက်ဆီးခဲ့ကြောင်း IDF မှ ပြောကြားခဲ့ပြီး ဗုံးများနှင့် လက်နက်များကို ဂါဇာရှိ မူလတန်းနှင့် စာသင်ကျောင်းများတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

■     ဂါဇာစီးတီးရှိ Al-Shifa ဆေးရုံအနီး Kibbutz Be’eri မှ အသက် ၆၅ နှစ်အရွယ် အစ္စရေးအမျိုး သမီး Judith Weiss ၏ ရုပ်အလောင်းကို IDF မှ တွေ့ရှိခဲ့ကြောင်း IDF မှ ကြေညာခဲ့သည်။  Weiss ကို အောက်တိုဘာ ၇ ရက်တွင် ဟားမတ်စ်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။

■    အောက်တိုဘာ ၇ ရက်က Kibbutz Nir Oz ရှိ ၎င်း၏နေအိမ်မှ ပြန်ပေးဆွဲခံရသည့် အစ္စရေးဓားစာဘခံ အသက် ၈၆ နှစ်အရွယ် Arye Zalmanovich ကို ဟားမတ်စ်က ထုတ်ပြန်သည့် ဗီဒီယိုတစ်ခုတွင် ကျန်းမာရေးချို့တဲ့သည်မှာ ထင်ရှားသည်။  Zalmanovich သည် ဆေးဘက်ဆိုင်ရာပြဿနာများ ခံစားနေရပြီး ကုသမှုခံယူရန် လိုအပ်နေပါ သည်။

■    ရာနှင့်ချီသော အစ္စရေးတို့သည် ဟားမတ်စ်တို့၏ သုံ့ ပန်းအဖြစ် ကျဆုံးသွားသော အစ္စရေးစစ်သား Noa Marciano ၏ဈာပနတွင် ပါဝင်ခဲ့ကြသည်။  Marciano ၏ ရုပ်အလောင်းကို ဂါဇာမြို့ Al-Shifa ဆေးရုံအနီးတွင် ကြာသပတေးနေ့တွင် တွေ့ရှိခဲ့ပြီး အစ္စရေးသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

■     ရေချိုသန့်စင်သည့် စက်ရုံများနှင့် မိလ္လာစက်ရုံများလည်ပတ်ခြင်းအပါအဝင် ကုလသမဂ္ဂအသုံးပြုရန်အတွက် ဂါဇာသို့ နေ့စဉ် လောင်စာသုံးထရပ်ကားနှစ်စီး ဝင်ရောက်ခွင့်ပြုရန် အစ္စရေး၏စစ်ရေးဿ်ဘိနက်အဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။  အဆိုပါ ဆုံးဖြတ်ချက်သည် နေတန်ယာဟု အစိုးရ၏ လက်ယာစွန်းနှင့် လီကွတ် အဖွဲ့ဝင်များအကြား ပြင်းထန်သော ဆန့်ကျင်မှုကို ဖြစ်ပေါ်စေခဲ့သည်။  အစ္စရေး၏ အမျိုး သားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က အစိုးရ၏ ဆုံးဖြတ် ချက်ကို ကာကွယ်ခဲ့ပြီး အစ္စရေး၏ စစ်ဆင်ရေး ရည် မှန်းချက်များကို ထိခိုက်မှုမရှိဟု ပြောကြားခဲ့သည်။

■    ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ဂါဇာကမ်းမြောင်ဒေသသည် ကြီးမားသော စားနပ်ရိက္ခာလိုအပ်ချက်နှင့် ကျယ်ပြန့်စွာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ အကူအညီ အလွန်အမင်း လိုအပ်နေပြီး လူဦးရေအားလုံးနီးပါးနှင့် စစ်ပွဲစကတည်းက လိုအပ်သော ရိက္ခာထောက်ပံ့မှု၏ ၁၀ ရာခိုင် နှုန်းသာ ကမ်းရိုးတန်းသို့ ရောက်ရှိလာကြောင်း  သိရသည်။

■    WHO မှ ဂါဇာတွင် ရောဂါပျံ့နှံ့မှုနှင့် ပတ်သက် ၍ အလွန်စိုးရိမ်ကြောင်းနှင့် ယာယီဆေးရုံများ တည် ထောင်လိုကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

■    လခြမ်းနီအဖွဲ့၏ အဆိုအရ ဒဏ်ရာရ ပါလက်စတိုင်း ၇၃ ဦးသည် သောကြာနေ့တွင် အီဂျစ်နှင့် Rafah နယ်စပ်ဖြတ်ကျော်ဖြတ်ကာ ဂါဇာကမ်းမြှောင်မှ ထွက်ခွာခဲ့သည်။

■    ဟားမတ်စ်က ပစ်လွှတ်သော ဒုံးကျည်များကြောင့် သောကြာနေ့တစ်လျှောက်လုံး တဲလ်အဗစ် အပါအဝင် အစ္စရေးမြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ဒုံးပျံသတိ ပေး ဥဩများ ထွက်ပေါ်လာခဲ့သည်။  မြောက်ဘက်တွင် လက်ဘနွန်မှ တင့်ကားဖျက် ဒုံး ကျည်များဖြင့် ပစ်ခတ်မှုကြောင့် အစ္စရေး လေးဦး ဒဏ်ရာရရှိခဲ့သည်။  လက်တုံ့ပြန်မှုအနေဖြင့် လက်ဘနွန်နယ်မြေရှိ ဟဇ်ဘိုလာပစ်လွှတ်သည့်နေရာများကို တိုက်ခိုက်ခဲ့ကြောင်း IDF က ပြောကြားခဲ့သည်။

■    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ၀န်ကြီးချုပ်နေတန်ယာဟုအား ကြာသ ပတေးနေ့နှောင်းပိုင်းတွင် ပြောကြားရာ၌  ” ဂါဇာ ကမ်းမြောင်ဒေသကို အစ္စရေးက ပြန်လည်သိမ်းပိုက်နိုင်မည်မဟုတ်ကြောင်း ”  သို့သော် ” ဂါဇာကမ်းမြောင် ဒေသအတွက် လုံခြုံရေးပေးသည်” ဟူသော အသွင်ကူးပြောင်းရေးကာလဖြစ်နိုင်သည်ဟု ဝန်ခံခဲ့သည်။

■   ထောင်နှင့်ချီသော အစ္စရေးတို့သည် ဟားမတ်စ်များက ဖမ်းဆီးထားသည့် ဓားစာခံများ၏ မိသားစုများနှင့်အတူ ဂျေရုဆလင်သို့ ချီတက်နေကြသည်။  ချီတက်ပွဲသို့ အစိုးရ၀န်ကြီး Miki Zohar ရောက်ရှိလာသောအခါ လူအုပ်ကြီးမှ “အရှက်ကွဲခြင်း” ဟူသော ကြွေးကြော်သံများဖြင့် ကြိုဆိုခဲ့သည်။

■   အနောက်ဘက်ကမ်းတွင်၊ IDF က ဟားမတ်စ်အဖွဲ့မှ တပ်ဖွဲ့ဝင်ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ဂျနင်တွင် စီးနင်းမှုအတွင်း ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။  ဟီဘရွန်မြို့အနီးရှိ အစ္စရေးစစ်သားတစ်စု ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့ကြောင်း IDF က ပြောကြားခဲ့သည်။

■   ဂိုလန်ကုန်းမြင့်မှ မြို့တော် ဒမတ်စကတ်သို့ သောကြာနေ့အစောပိုင်းက ပစ်ချခဲ့သော အစ္စရေးဒုံးကျည်များကို ဆီးရီးယားစစ်တပ်က ပစ်ချခဲ့သည်ဟု အခိုင်အမာဆိုသည်။

■   ပုပ်ရဟန်းမင်းကြီးသည် အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုနှင့်အတူ ဟားမတ်စ်က ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများ၏ မိသားစုများနှင့် လာမည့်သီတင်းပတ်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

■   Hadash ပါတီမှ စီစဉ်သည့် ပထမဆုံး တရား ဝင် ဂျူး-အာရပ် စစ်ပွဲ ဆန့်ကျင်ရေး/ အပစ်အခတ် ရပ်စဲရေး ဆန္ဒပြပွဲကို စနေနေ့ မွန်းလွဲပိုင်းတွင် Tel Aviv ၌ ကျင်းပမည်ဖြစ်သည်။

■   ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း၊ X /Twitter ပိုင်ရှင် Elon Musk၊ Tucker Carlson၊ Charlie Kirk နှင့် အခြားသော ထင်ရှားသော လက် ယာစွန်းပုဂ္ဂိုလ်များသည် အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ဆက်နွှယ်နေသည့် လူဖြူလူမျိုးရေးဝါဒီ လေသံများ အတိအလင်း မြှင့်တင်လာကြသည်။
Source; Haaretz News

#PAN