မြန်မာ့မီးရထားရုံးချုပ်နေရာရှိ ရိုးမစင်ထရယ် စီမံကိန်း ယခုနှစ်ကုန် ပြန်စမည်

နိုဝင်ဘာ ၁၇

      မြန်မာ့စီးပွားရေးလုပ်ငန်းစုကြီး ရိုးမအုပ်စုက ၂၀၂၁ ခုနှစ်နောက်ပိုင်း လုပ်ငန်းရပ်ဆိုင်းထားသော ရန်ကုန်မြို့တွင် တည်ရှိသည့် ရိုးမစင်ထရယ်စီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်စတင်မည်ဟု သိရပါသည်။

       အဆိုပါစီမံကိန်း၏ အကျယ်အဝန်းမှာ ၄ ဟက်တာခန့်ရှိပြီး ဟိုတယ်နှင့်လူနေအိမ်ခန်းတို့ ပါဝင်သည့် အဆောက်အအုံ ၄ လုံး ပါရှိမည် ဖြစ် သည်။ ရိုးမအုပ်စုက စီမံကိန်း၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ ဂျပန်ထိပ်သီး စီးပွားရေးလုပ်ငန်း Mitsubishi လည်း ရှယ် ယာထည့်ဝင်ထားကြောင်း သိရပါသည်။

      Yoma Strategic ၏ အဆိုအရ လူနေအိမ်တာဝါများနှင့် လုပ်ငန်းပြန်လည်စတင်မှာ ဖြစ် သည်ဟု သိရပါသည်။ 

       ရိုးမအုပ်စု၏ နောက်ထပ် ဆိုင်းငံ့ထားသော စီမံ ကိန်းများအတွင်း ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစုမှ အော်ပရေတာအဖြစ် ဆောင် ရွက်နေသည့် Peninsula Yangon ဟိုတယ်စီမံကိန်းလည်း ပါဝင်လျက်ရှိပြီး အော်ပရေတာ ဘက်က ပြန်လည်စတင်ရန် အသင့်ဖြစ်နေပြီ ဖြစ် သည်ဟု သိရပါသည်။

      မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုအများစုက ခိုင် မာသည့် အိမ်ခြံမြေကဏ္ဍသို့ အများဆုံးစီးဝင်လျက်ရှိပြီး အဆိုပါ အိမ်ခြံ မြေရောင်းအားကြောင့် ရိုးမစင်ထရယ်စီမံကိန်းကို ပြန်လည်စတင်နိုင်ရေး တွန်းအားပေးထားခြင်းဖြစ်သည်ဟု သိရပါသည်။

#PAN