ဂျပန်နိုင်ငံအပါအဝင် ၃ နိုင်ငံသို့ ပျားရည်တန်ချိန် ၁,၃၀၀ ကျော် တင်ပို့ထား

နိုဝင်ဘာ ၁၇

       ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက် တိုဘာလအထိ ၇ လတာ ကာလအတွင်း ပြည်ပဈေးကွက်သို့ မြန်မာ့ပျားရည်တန်ချိန် ၁,၃၁၉ ဒသမ ၀၂ တန် တင်ပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

      အဆိုပါ ကာလအတွင်း ပျားရည်တင်ပို့မှုကို ဂျပန်၊ ထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ပုဂ္ဂလိကကဏ္ဍမှ တစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ထားနိုင်ခြင်းကြောင့် နိုင်ငံခြားဝင်ငွေရရှိနေသည်ဟု ပျားမွေးမြူမှုဖွံ့ဖြိုး ရေး ဌာနခွဲမှ သိရပါသည်။

       ပုံမှန်ကုန်သွယ်ရေးဖြစ်သည့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့ထားခြင်းဖြစ်ပြီး ပျားရည်တန်ချိန် ၁,၃၀၀ ကျော် တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇၈ သန်း ရရှိထားခြင်း ဖြစ်ပါသည်။

      လက်ရှိပြည်တွင်းမှာ ပျားရည်ထုတ်လုပ်မှုအနေနှင့် နှမ်းပျားရည်၊ ဇီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုင်ချီးပျားရည် စတဲ့ အမျိုးအစားများ ထုတ်လုပ်လျက်ရှိသည်ဟု သိရပါသည်။

       ပြည်ပဈေးကွက်တွင် မြန်မာ့ပျားရည်တစ် တန်ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၂,၅၀၀ မှ ၃,၀၀၀ အကြား ရရှိနေပြီး နှစ်စဉ်တန်ချိန် ၃,၀၀၀ ခန့် တင်ပို့ရောင်းချလျက်ရှိသည်ဟု သိရပါသည်။ ပျားလုပ်ငန်းဌာနအနေနဲ့ မြို့နယ် ၃၁ မြို့နယ်တွင် အစိုးရပိုင် ပျား မွေးမြူရေးစခန်း ၃၁ ခု ဖွင့်လှစ်ထားရှိပြီး ပျားမွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်နေသလို ပုဂ္ဂလိကပျားမွေး မြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးကူညီပေးလျက်ရှိတသည်ဟု သိရသည်။ မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို ဂျပန်၊ ထိုင်း၊ ကိုရီးယားနိုင်ငံ များအပြင် တရုတ်၊ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ စင်ကာပူနှင့် ဥရောပဈေးကွက်များသို့ တင်ပို့ရောင်း ချလျက် ရှိပါသည်။

#PAN