ချမ်း​အေးသာစံမြို့နယ်ရှိ ရွှေဆိုင် တစ်ဆိုင်တွင်ဓါးပြတိုက်လုယက်မှု ဖြစ်ပွား​၊ တန်ဖိုးငွေ သိန်း​ပေါင်း ၁၁၃၁၀ သိန်းခန့်ပါသွားခဲ့

နိုဝင်ဘာ ၁၇

       မန္တလေးတိုင်းဒေသကြီး၊ ချမ်း​အေးသာစံမြို့နယ်၊ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊လမ်း ၃၀၊၇၂×၇၃ လမ်း ကြားရှိ ” အောင် ” ရွှေဆိုင်ကို ယနေ့ နံနက်ပိုင်းတွင် စိစစ်ဆဲ အမျိုးသား ၃ ဦးက ဓါးပြတိုက်လုယက်မှု ဖြစ်ပွား​ကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ ယနေ့ ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အဆိုပါ  ​’ အောင်​ ‘ရွှေဆိုင်  အရှေ့သို့ 2E/6723 နံပါတ်ပြား တပ်ဆင်ထားသည့် Mark 2 အဖြူရောင်ယာဥ်ဖြင့် အင်္ကျီအနက်ရောင်၊ ဘောင်းဘီရှည် အနက်ရောင် ဝတ်ဆင်ထားသည့် အမျိုးသား ၃ ဦး​ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့က​ သေနတ် အတို ၂ လက်ကိုင်​ဆောင်၍ ​သေ နတ် ၂ ချက် ပစ်​​ဖောက်ကာ အသင့်ပါလာ​သော အရိုးအသွား ၁၂ လက်မခန့်ရှိ ဆိတ်ချိုတူဖြင့် ​ကောင်တာ ၅ လုံးအား ရိုက်ခွဲ၍  ကောင်တာအတွင်းရှိ စိန်လက်စွပ် ၁၈၀ကွင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၈၀၀ )၊ရွှေဆွဲသီး ၁၅ ပဲရည် ၁၀၅ ခု(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း  ၅၂၅ သိန်း၊ရွှေ လက် ကောက် ၉၃ ကွင်း(ခန့်မှန်တန်းဖိုးငွေ ကျပ်သိန်း ၇၄၀ )၊ ပလက်တီနမ်ဆွဲသီး အလုံး ၄၀လုံး(ခန့်မှန်းတန်ဖိုးငွေ သိန်း ၃၀၀) ၊ရွှေဆွဲကြိုး ၁၄ပဲရည် ၁၁၅ ကုံး(၃၀ ကျပ်သားခန့်)(ခန့်မှန်းတန်ဖိုးငွေ သိန်း ၈၀၀ )၊ဒင်္ဂါးလက်ကောက် ၁၄ပဲရည် ၁၁၄ ကွင်း(၂၈ ကျပ်သားခန့်)(ခန့်မှန်းတန်ဖိုး သိန်း ၉၅၀)၊ပလက်တီနမ်ဆွဲကြိုး ၂၈ ကုံး(ခန့်မှန်းတန် ဖိုး သိန်း ၂၀၀)၊စိန်းနားကပ် ၄ ရံ(ခန့်မှန်းတန်ဖိုး ၄၅ သိန်း)၊ရွှေကလစ် အချောင်း ၆၀ ခု(ခန့်မှန်းတန်ဖိုး သိန်း ၂၀၀ ခန့်)၊ရွှေဟန်းချိန်း ၂၅၀ ခု၊ခန့်မှန်းတန်ဖိုးငွေ သိန်း ၂၀၀၀)၊ ၁၅ပဲရည် လက်စွပ်  ၇၅၀ ကွင်း(ခန့်မှန်း တန်ဖိုးငွေသိန်း ၁၅၀၀ )၊၁၅ ပဲရည် နားကပ် ၄၆၅ ရံ(ခန့်မှန်းတန်ဖိုးငွေ သိန်း ၃၀၀၀)၊စုစုပေါင်းတန်ဖိုးငွေ သိန်း​ပေါင်း ၁၁၃၁၀ သိန်းခန့်ပါသွားခဲ့ကြောင်း သိရပါသည်။

        အခင်းဖြစ်နေရာမှ NRC 9-MM LUGER ကျည်ခွံ ၁တောင့်၊380 ပစ္စတို ကျည်ခွံ ၁ခွံ၊အရိုးအသွား ၁၂ လက်မခန့်ရှိ အဝါရောင်တူ(အနက်ရောင်)အရိုးတပ်လျက်တို့ ကျန်ရှိခဲ့ပြီး Mark 2 အဖြူရောင်ယာဥ်သည်  ၇၂(A)လမ်းအတိုင်း ​မြောက်ဘက်သို့ မောင်းနှင်ထွက် ပြေးသွားကြောင်း သတင်းရရှိပါသည်။

#PAN