အိမ်ရှေ့ဝရံတာတွင် ညအိပ်ရန် ပြင်ဆင်နေသည့် လင်မယား နှစ်ဦးအား PDFအမည်ခံ အကြမ်းဖက်အုပ်စုမှ သေနတ်ဖြင့် ပစ်ခတ်ထွက်​​​ပြေး


နိုဝင်ဘာ ၁၇

ယမန်နေ့ည ၉ နာရီခွဲအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ တွင်းလပ်အုပ်စု၊ တွင်းလပ်ကျေးရွာတွင် နေအိမ်ရှေ့ ဝရံတာ၌ ညအိပ်ရန် ပြင်ဆင်နေသည့် လင်မယားနှစ်ဦးအား PDF အမည်ခံ အကြမ်းဖက်အုပ်စုမှ သေနတ်ဖြင့် ပစ်ခတ်ထွက်​​​ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကိုထွန်းထွန်းဝင်း(ခ)ကိုထွန်း၊ ၅၃ နှစ်၊ (ဘ)ဦးတင်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးအေးမာ၊ ၅၁ နှစ်၊ (ဘ) ဦးကြီးမေ၊ တွင်းလပ်ကျေးရွာ၊ တွင်းလပ် အုပ်စု၊ ချောက်မြို့နယ် နေသူတို့သည် နေအိမ်ရှေ့ ဝရံတာတွင် အိပ်ရန် ပြင်ဆင် နေစဉ် အမည်မသိ အမျိုးသား ၈ ဦးခန့်မှ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး နေအိမ် ခြံစည်းရိုးအပြင်ဘက်မှ M 22 သေနတ်ဖြင့် ၈ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ချောက်မြို့နယ်၊ နရွဲတောကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်ပစ်ခတ် မှုကြောင့် ကိုထွန်းထွန်းဝင်း(ခ)ကိုထွန်းတွင် ယာဘက်နံရိုးကြား ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက် (စိုးရိမ်ရ)နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးအေးမာတွင် ဦးခေါင်းအရေပြား ရှပ်ထိဒဏ်ရာ ၂ ချက်တို့(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

သေနတ်ထိမှန်ဒဏ်ရာရရှိသူနှစ်ဦးအား ချောက်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ဆေးကုသပေးလျက်ရှိကြောင်း၊ ၎င်းနောက် ဒဏ်ရာရရှိသူ ကိုထွန်းအား ချောက်မြို့နယ် ပြည်သူ့ဆေးရုံမှ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူရန် လွှဲပြောင်းပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

#PAN