အားကောင်းသောမုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ

နိုဝင်ဘာ ၁၇

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
       ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက် – အရှေ့မြောက်ဘက်သို့ ဆက် လက်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်- အနောက်တောင်ဘက်ရေမိုင် ၃၃၅ မိုင်ခန့်၊ မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၂၀ ခန့်၊ အိန္ဒိယနိုင်ငံ ပါရာဒစ်မြို့ ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၄၀ ခန့်၊ဒီဂါမြို့၏တောင်-အနောက်တောင်ဘက်ရေမိုင် ၂၁၀ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာဒစ်မြို့ ၏ တောင် – အနောက်တောင်ဘက် ရေမိုင် ၂၈၀ ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

        အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေ အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ် မှတ်သည်။

တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

      အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် ည နေ ၅နာရီခွဲတွင် မြောက်လတ္တီတွဒ် ၁၈ ဒသမ ၁ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၈၇ ဒသမ ၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့်ဖြစ်သည်။

နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

        အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက် – အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း ဆိုင်က လုန်းမုန်တိုင်းအဖြစ်သို့အားကောင်းလာနိုင်ကာ နိုဝင်ဘာ ၁၈ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်း ခြေကို မောင့်ဂလာမြို့ နှင့် ခီပူပါရာမြို့တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

သတိပေးနှိုးဆော်ချက်

      အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ နိုဝင်ဘာ ၁၈ ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝ တီတိုင်း ဒေသကြီးနှင့် ကယားပြည် နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီးအချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ခန့်မှန်းရပါသည်။ သို့ဖြစ်ပါ၍ ယနေ့ညမှ နိုဝင်ဘာ ၁၈ ရက်အတွင်း ရခိုင်ကမ်း ရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းများ ကျရောက်စဉ် ရေ ပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင် သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ အားကောင်းသော မုန် တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ ရခိုင်ကမ်းရိုးတန်း တစ် လျှောက် နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံ သန်းရေးနှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် မိုး လေဝသနှင့် ဇလ ဗေဒဦးစီးဌာနက အသိပေး နှိုးဆော်ထားပါသည်။

#PAN