ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်း ဆိုင်များသို့ စက်သုံးဆီများ အချိန်မီပို့ဆောင် ဖြန့်ဖြူးလျက်ရှိ


နိုဝင်ဘာ ၁၆

ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ စက်သုံးဆီ Terminal များသို့ ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ် ရောက်ရှိပြီး စက်သုံးဆီများဖြည့်တင်းလျက်ရှိရာ သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊Brighter Energy Terminal ၊ PSW Terminal ၊ Regency SPC Terminal များအပြင်သာကေတ မြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminalတို့မှ ၁၅-၁၁-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အရောင်းဆိုင်(၁၈၇)ဆိုင်သို့ ဆီသယ်ယာဉ်(၃၆၇)စီးဖြင့် 92 Ron(၄သိန်းကျော်)၊ 95Ron (၂ သိန်း ၄ သောင်းကျော်) ဒီဇယ်ဆီ(၃သိန်း၂သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၃သိန်း၅သောင်းကျော်) အားလည်းကောင်း၊ နိုင်ငံတစ် ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် (၂,၁၇၈) ဆိုင်သို့ ဆီသယ်ယာဉ်(၉၂၈) စီးဖြင့် 92 Ron(၁သန်း၂သိန်းကျော်)၊ 95Ron (၂ သိန်း ၅ သောင်းကျော်)၊ ဒီဇယ်ဆီ(၇သိန်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ (၁၀သိန်းကျော်)အားလည်းကောင်း နေ့ညမရွေးအဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသဖြင့် နိုင်ငံတစ်ဝှမ်းရှိအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီလာရောက် ဝယ်ယူ မှုအခြေအနေမှာ ပုံမှန်အတိုင်းဖြစ်ပြီး အများပြည်သူများမှ စက်သုံးဆီများကို အမျိုးအစားအလိုက် လိုအပ်သလို အဆင် ပြေချောမွေ့စွာ ဝယ်ယူ သုံးစွဲလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN